Episode - 4

1.3K 203 16
                                    

ထိုနေ့က cupid LuHan ရဲ့ ကောင်းမှုနဲ့ သူ့ခဗျာ BaekHyun Hyung ရဲ့ Big Fan ဘဝကနေ Anti Fan ဘဝသို့ လုံးလုံးလျားလျား ရောက်သွားလေသည်... တော်သေးတာပေါ့... အဲ့အချိန်တုန်းက ကျနော်နဲ့ BaekHyun Hyung နှစ်ယောက်တည်းသာ ရှိပေလို့.. တခြား Fan တွေနဲ့ သာ ရှိကြည့်ပါ့လား... အောင်မလေး... Oh SeHun ဘဝတော့ မတွေးဝံ့စရာဘဲ...

''အဲ့လောက်လဲ လဒလည်လိမ်ထားတဲ့ ရုပ်ကြီးနဲ့ မှိုင်ပြမနေပါနဲ့ SeHun ရယ်... ငါ Cupid ပါ.. ဒီလောက် ကိစ္စလေးကတော့ ငါ ပြေလည်အောင် ပြန်လုပ်တတ်ပါတယ်''

ငင့်... တော်ပါပြီ.. ကြောက်လွန်းလို့..

''တော်ပါပြီ LuHan ရယ်... ငါ့အဖြစ်က ရှေ့နေငှားမှ ထောင်လုံးလုံးကျ ဆိုလိုဘဲ.. cupid အကူအညီယူမှဘဲ ပို ဝေးရတယ်လို့...''

''မမှားသော ရှေ့နေ မသေသော ဆေးသမား တဲ့... ငါလဲ....''

''တော်ပါပြီ LuHan ရယ်.... ငါ စိတ်ညစ်နေလို့ ငြိမ်ငြိမ်လေး နေပေးစမ်းပါ''

''မင်းကလဲ.. ငါက..''

''တော်ပါပြီဆိုကွာ... ငါတစ်ယောက်တည်း နေပါရစေ...''

SeHun လဲ စိတ်ညစ်ညစ်နဲ့ ဘေးမှာ ထိုင်နေတဲ့ LuHan ကို တစ်ချက် တွန်းထုတ်လိုက်သည်... LuHan ကတော့ သူ့ကို တွေတွေလေး ငေးကြည့်ပြီး ခဏနေတော့ ဖျက်ခနဲ ပျောက်သွားလေသည်..

စိတ်တိုတိုနဲ့ တွန်းလွှတ်မိတာမှားမှန်း သူ သိပေမယ့် LuHan ကို အားနာတဲ့ စိတ်ထက် BaekHyun Hyung တော့ သူ့ကို အထင်လွဲသွားပြီ ဆိုတဲ့ အသိက ပိုပြီး ကြီးစိုးနေတာကြောင့် သူ LuHan ကို တောင်းပန်စကား မဆိုမိ...

ထိုနေ့ညက Cupid LuHan တစ်ယောက် ပြန်ရောက်မလာတာကို လူသားကောင်လေး Oh SeHun ကတော့ သတိထားမိပုံပင် မပေါ်ချေ...

👼👼👼👼👼C.U.P.I.D👼👼👼👼👼

မိုးလင်းနေပြီဆိုတာကို သိပေမယ့် ညက တောင်တွေး မြောက်တွေးရင်း တော်တော်နဲ့ အိပ်မပျော်တာမို့ SeHun မထသေးဘဲ အိပ်ယာထဲ ဟိုလှိမ့် ဒီလှိမ့်နဲ့ ဆက်ကွေးနေလိုက်သည်...

ဒါနဲ့ LuHan တစ်ယောက်ရော ညက ပြန်ရော လာရဲ့လား??

အတွေးနဲ့ အတူ အိမ်ထဲ တစ်ချက်ဝေ့ကြည့်လိုက်တော့ အင်္ကျီအဖြူကိုသာ တစ်စိုက်မတ်မတ် ဝတ်တတ်တဲ့ cupid ကောင်လေးကတော့ ပျောက်ဆုံးနေလေသည်....

You've reached the end of published parts.

⏰ Last updated: May 12, 2016 ⏰

Add this story to your Library to get notified about new parts!

C.U.P.I.DWhere stories live. Discover now