5

2.6K 189 10
                                    

"ဒီကယူဝွန်းမလား'

ဂျောင်ကုရဲ့ရန်ဘက်ဖြစ်သူ
ယူဝွန်းဆိုတဲ့မော်ဒယ်တစ်ယောက်နဲ့
ဂျယ်အီ လာတွေ့ခြင်းဖြစ်သည်။

"အင်းမင်းကဂျယ်အီမဟုတ်လား
ကိုကြားတာဂျွန်ဂျောင်ကုရဲ့မန်နေဂျာ?'

"ဟင်းယူဝွန်းကသိတာတော်လိုက်တာ
ကျတော့်ကိုများလိုက် stalkနေတာလား'

"ဟားဟား အဲ့လိုပဲပြောရမှာပေါ့ကွာ'

မသိသလိုနဲ့ဟန်ဆောင်ပြောနေကြတဲ့
သူတို့နှစ်ယောက် ဂျယ်အီကဂျောင်ကုမသိအောင်
နောက်ကွယ်မှာဖောက်ပြန်နေသူပင်
ဂျောင်ကုမသိအောင်ခနခနတွေ့နေတဲ့
သူကတော့ ဂျောင်ကုရန်ဘက်ယူဝွန်းနဲ့ပင်။

"ဒါဆိုကိုတို့ကစားပွဲလေးစကြတော့မလား'

ဂျယ်အီကယူဝွန်းစကားကိုနားလည်တာမို့
ခပ်ညစ်ညစ်ပြုံးကာ ယူဝွန်းခေါ်ရာအခန်းထဲ
လိုက်၀င်သွားသည်။ ခနအကြာထွက်လာတဲ့
သာယာမှုကြောင့်ထွက်လာတဲ့အသံများ...

ဂျယ်အီဆိုတာဒီလိုလူမျိုးပင်
ဂျောင်ကုကသူနဲ့ချစ်တင်းနှောဖို့တစ်ခါမှ
မတောင်းဆိုပင် သူကိုယ်တိုင်က
ဂျောင်ကုနောက်ကွယ်မှာ ယူဝွန်းနဲ့ဒီလို
ခနခနချစ်တင်းနှောဖြစ်သည် ယူဝွန်းကလည်း
သူ့ကိုအရမ်းသဘောကျနေတာကြောင့်
ဂျောင်ကုကိုအသိမပေးပဲတွဲမယ်ဆိုဂျယ်အီက
ပြောတာကြောင့်လက်ခံထားခြင်းပင်။

______________________________________

ဂျောင်ကုမနက်စောစောနိုးလာသည်။
ဒီနေ့ဂျယ်အီ့ကိုဘာအချိန်ဇယားရှိလဲ
ဖုန်းဆက်မေးတော့ ဘာမှလုပ်စရာမရှိတာကြောင့်
ရေချိုးပြင်ဆင်လိုက်ပြီး ဆေးရုံသွားဖို့ပြင်လိုက်သည်။

"ဂျောင်ကု ဘယ်လိုရောက်လာတာလဲ'

ဆေးရုံခန်းထဲမှာ ဂျယ်ယွန်းက
ထယ်ယောင်းနဲ့စကားပြောနေတုန်း
ဂျောင်ကုရောက်လာသည်။

"အာ ထယ်ယောင်းရှီတစ်ယောက်တည်း
အားငယ်နေမှာစိုးလို့ လာတွေ့တာ
ကျတော့်အတွက် အချိန်ဇယားကလည်း
ဒီနေ့အားနေတော့လေ'

"ထယ်ယောင်း ငါဒီနေ့ဆေးစစ်စရာလူနာ
သိပ်မရှိဘူး မင်းဂျောင်ကုနဲ့မနက်စာ
ထွက်စားလိုက်ပါလား ငါကြည့်ပေးထားမယ်
အန်တီ့ကို'

𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]Where stories live. Discover now