"အဖေ ကျတော်စဉ်းစားပါဦးမယ်
ဒီကိစ္စကို ဂျယ်အီ့ကိုပြောရဦးမှာမို့...'၀န်ကြီးချုပ်ကဂျောင်ကုကိုဘာမှမပြောဖို့
လက်ကာပြကာ သူသိပြီဆိုကာ
ဂျယ်အီကိုစိုက်ကြည့်တာ ပြန်သွားသည်။"ဂျောင်ကု ၀န်ကြီးကဘာတွေ
ပြောသွားတာလဲဟင်'ဂျောင်ကုကဂျယ်အီ့ပုခုံးနှစ်ဖက်ကို
သေချာကိုင်ကာ။"ဂျယ်အီကိုပြောတာသေချာ
နားထောင်နော် ကိုရှင်းပြ...'ဂျယ်အီကဂျောင်ကုလက်ကို
အကြမ်းခါထုတ်ကာဖြင့်။"ဂျောင်ကုဘာတွေရှင်းပြဦးမှာလဲ!
၀န်ကြီးကတောင်လက်ထက်ဖို့ထိ
ပြောနေတာမလား ဂျောင်ကု ကျတော့်ကို
လှည့်စားနေတာ!'"မဟုတ်ဘူး တစ်ကယ်မဟုတ်ဘူး
ကိုပြောတာနားထောင်'ဂျောင်ကုကသေချာသူ့အဖေပြောတာတွေ
ဂျယ်အီ့ကိုပြန်ပြောပြမှ စိတ်လျှော့ရှာသည်။"ကိုတောင်းပန်ပါတယ်
ကို့ကိုနားလည်ပေးပါနော်'ဂျယ်အီလည်းဂျောင်ကုကလက်ထပ်ရင်
ကျွန်းကိုရမည်ဆိုတော့ ဂျောင်ကုထက်ငွေကို
ပိုမက်မောတဲ့ဂျယ်အီအတွက် ဟန်ဆောင်အပြုံး
လေးပြုံးကာ စိတ်ထားကောင်းဟန်ဆောင်
လိုက်သည်။"ရပါတယ် ဂျောင်ကုကိုနားလည်ပါတယ်
ဂျောင်ကုအမေရဲ့မြတ်နိုးရတဲ့ကျွန်းပဲကို
သေချာပေါက်ရအောင်ယူသင့်တာပေါ့'"ကျေးဇူးတင်လိုက်တာကွာ
ဂျယ်အီကဒါကြောင့်ကို့ချစ်မ၀လေး
ဖြစ်နေခဲ့တာ'ဂျောင်ကုကဂျယ်အီကိုဖက်ကာ
ရယ်နေပေမယ့် ဂျယ်အီကတော့သူ့စိတ်ထဲ
ဂျောင်ကုရမယ့်ကျွန်းကိုသာစိတ်ရောက်နေသည်။"အဲ့တော့ ထယ်ယောင်းကို
လိုက်မှာလား'"အာ..ကိုထယ်ယောင်းကိုမယူပါဘူး
ဒီတိုင်းတခြားတစ်ယောက်ကို ပိုက်ဆံပေးပြီး
ဟန်ဆောင်လက်ထပ်ခိုင်းလိုက်မယ်'ဂျယ်အီကတော့ ဂျောင်ကုအပေါ်ထယ်ယောင်း
စိတ်ရောက်နေတယ်ရိပ်မိတာမို့ သူ့ရဲ့ငွေထုပ်
ကိုလာလုမယ့်လူလို့သာမြင်နေတာကြောင့်
ထယ်ယောင်းကိုသူခံစားစေချင်နေသည်။
YOU ARE READING
𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]
Fanfiction"ခံစားဖူးလား?ကိုယ်သိပ်ချစ်ရတဲ့လူက ကိုယ့်ရဲ့နောက်ကျောတည့်တည့်ကိုမှ ကိုယ်သူ့ကိုမသိခင်တည်းက ဓားနဲ့ဆောင့်ထိုးခံထားရတဲ့ ခံစားချက်မျိုး' (ဂျယ်အီနဲ့ဂျယ်ယွန်းကမတူပါဘူးနော် လုံး၀လူမမှားပါနဲ့ နာမည်ဆင်လို့ စိတ်အနှောင့်အယှက်ဖြစ်ရရင်လည်း ကြိုတောင်းပန်ပါတယ်)