"အဲ့တော့ဂျောင်ကုက
ထယ်ယောင်းနဲ့ခရီးထွက်ရမှာပေါ့'"ဟုတ်တယ်ဂျယ်အီ'
ဂျောင်ကု မနက်ဖြန်ထယ်ယောင်းနဲ့
ခရီးသွားမှာမို့ အေဂျငိစီမှာအလုပ်တွေ
အပြီးသတ်ပြီး နားခန်းထဲမှာနားနေတုန်း
ဂျယ်အီက၀င်လာကာမေးတော့
ဂျောင်ကုလည်းဖြေလိုက်သည်။"ဂျယ်အီကောလိုက်မယ်လေ'
"ဘာလို့လိုက်မှာလဲ'
ဂျောင်ကုကအေးတိအေးစက်နဲ့
ဖြေလိုက်တော့ ဂျယ်အီကမျက်မှောင်
ကြုတ်ကာဖြင့်။"ဂျောင်ကုက ထယ်ယောင်းနဲ့
နှစ်ယောက်တည်းသွားချင်တာလား?'"အာ အဲ့လိုမဟုတ်ဘူးဂျယ်အီရဲ့
ဒီခရီးကအဖေစီစဉ်ပေးတာ ကိုတို့နဲ့
ဂျယ်အီလိုက်တာသိရင်အဖေရိပ်မိသွားမှာပေါ့'"ဟုတ်ပါတယ်လေ'
ဂျောင်ကုအခုတလောဂျယ်အီနားမကပ်တော့တာ
ဂျယ်အီကိုယ်တိုင်ရိပ်မိသည်။ ခွာချဖို့လုပ်နေတာတော့မဟုတ်ဘူးမလား ဂျွန်ဂျောင်ကု။"ခရီးကဘယ်ကိုလဲဂျောင်ကု'
ဒယ်ချွန်းဆိုတာဂျယ်အီ့ကိုမသိစေချင်တာမို့
ဂျောင်ကုလိမ်ဖြေလိုက်သည်။"နိုင်ငံခြားဘက်ပါ'
"အော်ဟုတ်ပါပြီ ဂရုစိုက်သွားပါ'
ဂျောင်ကုပြန်သွားတော့
ဂျယ်အီလည်းစိတ်ပြေလက်ပျောက်
ယူဝွန်းကိုဖုန်းဆက်ကာ ဂျောင်ကုအကြောင်း
ပြောပြလိုက်သည်။"ကို့ကလေးကခရီးသွားချင်လို့လား'
"ဟင်းး ယူဝွန်းကလိုက်ပို့ပေးမလို့လား'
"အင်းကိုကြော်ညာပိုင်းတွေရိုက်စရာ
မရှိဘူး ပြည်တွင်းတော့ခရီးထွက်လို့ရတယ်'"ခစ်ခစ်ဒါဆို ဒယ်ချွန်းဘက်သွားရအောင်
ပင်လယ်မှာပဲစိတ်အပန်းဖြေချင်တယ်'"ဟုတ်ပြီဒါဆိုမနက်ဖြန်ကိုကားနဲ့
လာခေါ်မယ်'ဂျယ်အီကိုယ်တိုင်ကတော့ဂျောင်ကု
ပြည်တွင်းခရီးပဲထွက်မှာမသိပဲ
ယူဝွန်းနဲ့အေးအေးဆေးဆေးခရီးထွက်ဖို့
ပြင်နေတော့သည်။
YOU ARE READING
𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]
Fanfiction"ခံစားဖူးလား?ကိုယ်သိပ်ချစ်ရတဲ့လူက ကိုယ့်ရဲ့နောက်ကျောတည့်တည့်ကိုမှ ကိုယ်သူ့ကိုမသိခင်တည်းက ဓားနဲ့ဆောင့်ထိုးခံထားရတဲ့ ခံစားချက်မျိုး' (ဂျယ်အီနဲ့ဂျယ်ယွန်းကမတူပါဘူးနော် လုံး၀လူမမှားပါနဲ့ နာမည်ဆင်လို့ စိတ်အနှောင့်အယှက်ဖြစ်ရရင်လည်း ကြိုတောင်းပန်ပါတယ်)