"ဒဲ့ပဲမေးမယ် မင်းဆီကို
ဂျယ်အီရောက်နေတာလား'စားသောက်ဆိုင်တစ်ခုမှာ
ဂျောင်ကု ယူဝွန်းနဲ့မတွေ့ချင်ပေမယ့်
တွေ့ဖို့ချိန်းလိုက်ရသည်။ဂျယ်အီပျောက်နေတာကိုယူဝွန်းက
တုတ်တုတ်မျှမလှုပ်လို့ပင်။"မရှိဘူး'
ယူဝွန်း သူ့ကိုဂျောင်ကုချိန်းတည်းက
ဂျယ်အီကိစ္စမေးမယ်ဆိုတာသိပြီးသားမို့
အဆန်းတော့မဟုတ်ပေ။"သေချာလို့လားယူဝွန်း
မင်းဂျယ်အီ့ကိုရှာနေတယ်လည်း
မကြားဘူး မင်းချစ်သူလေးကို ရှာနေမယ်
ထင်တာ'"မင်းသိဖို့မလိုပါဘူး ဂျွန်ဂျောင်ကု
ပြောစရာဒါပဲဆို ငါသွားပြီ'"မင်းကအမှားကိုလက်၀ယ်ပိုက်
ကြည့်မနေတတ်တာငါသိတယ်ယူဝွန်း'သွားတော့မလို့လုပ်နေတဲ့ယူဝွန်းမှာ
ဂျောင်ကုစကားကြောင့် ရပ်သွားသည်။"မင်းသူ့ကိုတွေ့သည်ဖြစ်စေမတွေ့သည်
ဖြစ်စေ ကိစ္စတွေကိုမင်းသိထားပြီဆိုတာတော့
ငါသိတယ်'"အင်း'
"အဲ့အန်တီနေရာမှာမင်းအမေသာဖြစ်ခဲ့ရင်'
ယူဝွန်းဟာလည်းအမေမရှိတော့သူပင်
သူ့အမေလည်း ကားတိုက်ခံရပြီးသေဆုံး
သွားတာပင်။အကြောင်းသိတဲ့ဂျောင်ကုက
ယူဝွန်းကိုသေချာပြောပြသည်။"ငါသွားပြီ'
ယူဝွန်းပြန်လာတဲ့
တစ်လျှောက်လုံးဂျောင်ကုပြောခဲ့တာတွေ
စဉ်းစားနေမိသည်။ ဂျယ်အီ ကိုသူချစ်သည်
ဒါပေမယ့်သူကိုယ်တိုင်ကျရဲလက်မအပ်
ချင်တာကြောင့် ယူဝွန်းအကြံတစ်ခုခုလုပ်ရ
တော့မည်လေ။"ယူဝွန်း ဂျောင်ကုဘာပြောတာလဲ'
ယူဝွန်းအိမ်ပြန်လာတော့ ဂျယ်အီက
အပြေးထွက်လာကာလှမ်းမေးသည်။
ယူဝွန်းလည်းမဟုတ်သောလိမ်ဆင်ကို
ထွင်ရတော့သည်။"ဂျယ်အီမင်းဆီမှာရှိနေလားတဲ့
ဂျောင်ကုကိုတော့ထယ်ယောင်းကခွင့်လွှတ်
တယ်တဲ့ ဂျယ်အီ့ကိုတော့ခွင့်မလွှတိဘူးတဲ့'"အဲ့ကောင်ကအဲ့စောက်ချိုးလား
ဂျွန်ဂျောင်ကုပါကြံရာပါဖြစ်ခဲ့တာပဲလေ'
YOU ARE READING
𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧 [𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱 ]
Fanfiction"ခံစားဖူးလား?ကိုယ်သိပ်ချစ်ရတဲ့လူက ကိုယ့်ရဲ့နောက်ကျောတည့်တည့်ကိုမှ ကိုယ်သူ့ကိုမသိခင်တည်းက ဓားနဲ့ဆောင့်ထိုးခံထားရတဲ့ ခံစားချက်မျိုး' (ဂျယ်အီနဲ့ဂျယ်ယွန်းကမတူပါဘူးနော် လုံး၀လူမမှားပါနဲ့ နာမည်ဆင်လို့ စိတ်အနှောင့်အယှက်ဖြစ်ရရင်လည်း ကြိုတောင်းပန်ပါတယ်)