အပိုင်း-1🎑

540 42 2
                                    

#Uni

"ကိုကို ကျွန်တော်အပြင်သွားချင်တယ် ''

"သွားလေ ''

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် jiminတယောက် jhopeအိမ်လာပြီး gameဆော့နေပါသော်လည်း ကောင်းကောင်းတော့ မဆော့ရပြန်။ အဘယ့်ကြောင့်ဆိုသော် အနားလာရပ်ပြီး နားပူနားဆာလာလုပ်နေသော jhopeရဲ့ညီငယ်​လေးကြောင့်ပင်။

"ကိုကိုလိုက်ပို့ ''

"မပို့ချင်ပါဘူး ''

"မပို့ရင် မဆော့ရဘူးဗျာ ''

တကယ်ပင် gameဆက်ဆော့လို့မရအောင် ဒီကောင်လေး ကိုယ့်လက်အားကိုင်လှုပ်နေသဖြင့် ထိုချာတိတ်လေးကို စိုက်ကြည့်လိုက်ရင်း။

"ဒီမှာ ညီ ကိုကိုကမင်းအကိုရဲ့ကောင်လေးနော် ''

"မသိချင်ဘူးဗျာ ''

"ညီအစက ကိုကို့ကိုမုန်းတယ်ဆိုကွာ ''

"မမုန်းပါဘူး။ hyungနဲ့တွဲမြင်နေရတာကို မုန်းတာ ''

"ကြည့် အမှန် မင်းအကိုနဲ့ ငါရှိ​နေလို့ မုန်းတာဆို ငါ့ကိုမုန်းတာနဲ့ တူတူပဲလေ ''

"မတူပါဘူးဆို သား...အဲ ကျွန်တော်က ကိုကို့ကိုချစ်တယ် ''

ကိုယ့်ထက်၇နှစ်ငယ်တဲ့ ၈နှစ်အရွယ်ကလေးတယောက်က ချစ်တယ်လို့ပြောလာခဲ့လျှင် မိတ်ဆွေတို့ ဘယ်လိုတွေးမိသလဲ။

"ငါ့ညီကို ကိုကိုလည်းချစ်တာပေါ့။ အထူးသဖြင့် hobiကကိုယ့်ချစ်သူ...သူ့ညီလေးမို့ ကိုယ့်ညီလို ချစ်တယ် ''

"သဘောမတူပါဘူး...ကိုကိုကသားအပိုင် ''

"...''

"မဟုတ်သေးဘူး...ကျွန်တော့်အပိုင်ပါနော် ''

"နေပါအုံး ညီရယ်။ အရင်ကသားလို့ပြောနေကျကလေးက အခုတလောဘာလို့  ကျွန်တော်လို့ ပြောနေရတာလဲ ''

"ဘာလို့ဆို ကျွန်တော်အသက်ကြီးလာတော့မှာလေ။ အဲ့အခါကျရင် ကိုကို့ကိုhyungဆီကလုမှာ ''

"...''

"မဟုတ်သေးဘူး...အခုလည်းကိုကိုကကျွန်တော်အပိုင်ပဲ ''

"ရား...ချစ်ကလေးရေ မင်းညီအခုရွေ့နေတဲ့အကွက်ကလှတယ်ကွာ။ ဘာနည်းပဲသုံးရသုံးရ မင်းနဲ့ငါ့ကို ကွဲရင်ပြီးရောဆိုပြီး ချနေပြီဟေ့ ''

ကျွန်တော်က ကိုကို့အရိပ်ကလေး..💗Where stories live. Discover now