အပိုင်း-2🎑

315 32 0
                                    

#Uni

"နုတ်တယ်ဆိုတာ အစားစားသလိုပဲ ''

"ဘာဆိုင်လို့လဲဗျ ''

"ကဲ ဒီကွတ်ကီးပန်ကန်ကိုကြည့်နော် ''

Hobiအမေရဲ့တောင်းဆိုမှုကြောင့် အခုသူ့ညီကို စာသင်ပေးနေရတဲ့ ဘဝ။ ဒီကောင်လေးက တခြားသာလည်တာ တဖက်ကမ်းရောက်မတက်ဆိုပေမယ့် စာမှာတော့ hobiညီရောဟုတ်နိုင်ပါ့မလား မေးယူရလောက်တဲ့အထိ ညံ့ချက်ဗျာ။

"ကဲ ကိုကိုစားလိုက်တော့ ဘာဖြစ်သွားလဲ ''

"ဗိုက်ပြည့်သွားတာပေါ့ ''

"မဟုတ်ဘူးလေကွာ။ ပန်ကန်ထဲကို ကြည့် ဘာထူးခြားသွားလဲ ''

"မထူးခြားပါဘူး။ ကွတ်ကီးတွေရှိတုန်းပဲလေ ''

တကယ်ထူလွန်းတာကြောင့် တင်ပါးကိုသာတုတ်ကြီးကြီးနဲ့ နာနာလေးရိုက်ပစ်ချင်မိသည်။

"ကွတ်ကီးတွေနည်းသွားတယ်လေ...ငါ့ညီရ ''

"သြော် ''

"တကယ်မင်းက hobiနဲ့တခြားစီပဲကွာ ''

ပြောလိုက်တော့ နှုတ်ခမ်းလေးဆူလာပြီး မကျေမနပ်ဖြစ်တဲ့ ရုပ်ကလေးလာလုပ်ပြနေပြန်ပြီ။

"Hyungနဲ့ အကုန်တူနေရမှာလား။ hyungစာတော်တိုင်း ကျွန်တော်စာတော်ရမယ် ဘယ်သူကများပြောထား အမိန့်ထုတ်ထားသလဲ ''

"စကားများတာကအစ မတူတာ...hobiဆို တနေ့ဆယ်ခွန်းတောင်ပြည့်အောင်မပြောဘူး ''

"ပြော...ဘယ်သူကပိုချစ်စရာကောင်းလဲ ''

အမှန်ပြောရရင်တော့ ဒီကလေးကို ငယ်ငယ်ပေါက်စနကတည်းက တွေ့ခဲ့ရတာကြောင့် အတော်တော့ချစ်ပါသည်။ အမှန်ပြောရမယ်ဆိုရင် hobiထက် ဒီကလေးကပိုချစ်စရာကောင်းတာတော့ အမှန်။

"ဖြေစရာတောင်မလိုဘူး။ ကိုကို့ချစ်သူကချစ်စရာအကောင်းဆုံးပေါ့ကွ ''

"ရေး...''

"ဟင် ဘာထဖြစ်တာတုန်း ''

"အခု ကိုကိုကကျွန်တော်ကို ချစ်စရာကောင်းတယ် ပြောလိုက်တာကိုး ''

"ငါက...မဟုတ်တာကွာ။ ကိုကို့ချစ်သူက မင်းအကို hobiလေ။ သူ့ကိုပြောတာ ''

ကျွန်တော်က ကိုကို့အရိပ်ကလေး..💗Where stories live. Discover now