အပိုင်း-3🎑

265 33 4
                                    

#Uni

မေမေတို့ကအသက်ကြီးမှ ကိုယ့်ကိုမွေးတာကြောင့် မွေးကတည်းကအတော် အလိုလိုက်ခံရသည်။ မေမေရဲ့ကျန်းမာရေးနဲ့အသက်အရွယ်ကြောင့် နောက်ကလေးမရနိုင်တော့တဲ့အကြောင်း သိရတုန်းကဆို ကလေးချစ်တတ်တဲ့မေမေတို့ခမျာ အတော်ဝမ်းနည်းခဲ့ရှာတာ။

Hobiနဲ့ခင်ပြီး သူ့အိမ်စာသွားလုပ်တုန်းက မေမေjungkookကို စမြင်တဲ့နေ့။ အဲ့တုန်းကဆို အဲ့ကလေးကိုချစ်လွန်းလို့ လက်​ပေါ်ကနေတောင် မချဘူးရယ်။ မေမေတချိန်လုံးကိုပြုံးနေတာ။

Hobiရဲ့အမေက သူ့အဖေနဲ့ကွာရှင်းထားစ အချိန်။ တယောက်တည်းရုန်းကန်နေရတဲ့အချိန်လည်း ဖြစ်တာကြောင့် ကလေးပေါက်စက သူ့အမေထက် ကိုယ့်အမေနဲ့ အနေများသည်။

ကိုယ်တွေကျောင်းသွားချိန် hobiအမေလည်းအလုပ်သွားချိန်ဆို jungkookကိုမေမေပဲ ထိန်းခဲ့ရတာဆိုတော့ အဲ့ကလေးကိုတုန်အောင်ချစ်နေတာ မေမေ့အမှားတော့မဟုတ်။

မှားတာက ကျွန်တော်။ ထိုကလေးပေါက်အား အိမ်ခေါ်လာမိသည်မှာ မဟာအမှား။ အခုကြည့် အဲ့ကလေးအိမ်လာလည်ကြောင်း မေမေကဖေဖေ့အား ဖုန်းဆက်လိုက်ပုံပင်။ ဖေဖေအလုပ်ကနေ စောစောပြန်လာရုံမက ကြက်ကြော်နဲ့တော့ပူကီပါ ဝယ်လာသေးသည်။

"သားကအစပ်မကြိုက်ပါဘူးဆို ဘာလို့ကြက်ကြော်ကပါ အစပ်ကြော်ဖြစ်နေရတာလဲ ''

"​အငယ်လေး ကြိုက်တယ်လေ သားငယ်ရယ် ''

ငယ်ငယ်ကဆို မနက်ပိုင်းအလုပ်ရှိတဲ့ဖေဖေက jungkookကိုထိန်းချင်တာကြောင့် အဲ့ကလေးကို ညဘက်ကိုယ့်အိမ် ခေါ်ခေါ်ထားတတ်သည်။ hobiအမေကလည်း အလုပ်ကိစ္စနဲ့ နယ်ဘက်ခဏခဏ ခရီးထွက်ရတတ်တာကြောင့် ကိုယ်တွေထိန်းပေးတါကိုတောင် အတော်ကျေးဇူးတင်နေသေး။

ဖေဖေက အဲ့တုန်းကဆို တညလုံးတောင်jungkookနဲ့ ဆော့ပေးတတ်သည်။ ဖေဖေတို့က ကလေးအရမ်းချစ်တတ်သလောက် နောက်ကလေးမရနိုင်တဲ့အခါ jungkookကိုသာ အချစ်တွေပိုပေးလိုက်ကြသည်။

"သားငယ်လေး မစားတော့ဘူးလား ''

"မစားချင်ပါဘူး...သားအရင်းကိုသာသေချာကျွေးလိုက်ပါဗျာ။ ဒီမွေးစားသားလေးက အခန်းထဲဝင်ပြီး အိပ်တော့မယ် ''

ကျွန်တော်က ကိုကို့အရိပ်ကလေး..💗Where stories live. Discover now