အပိုင်း-7🎑

475 36 29
                                    

#Uni

"ကိုကိုသားကိုအော်တယ် ''

"မဟုတ်ပါဘူး...ကိုကိုကjungkookလေး မဟုတ်တာ​တွေတွေးနေလို့ ဆက်မတွေးအောင် တားချင်လို့ရယ် ''

"ကိုကိုလည်း သားကိုစိတ်ပျက်လာပြီမလား ''

"ဘယ်ကသာ ကိုကိုက ''

"ဟိုတနေ့က ကိုကိုကျောင်းလာတော့ သားကိုစိတ်ပျက်သလို ကြည့်တယ် ''

"မဟုတ်ပါဘူးကွာ ''

"နောက် အော်တယ်လေ ''

"အဲ့တာက ဟိုက​​​လေးမ ​ဝင်ပြောနေတာကို မင်းကသားလုပ်တာပါဆိုပြီး ဇွတ်ပြောနေတာကိုး ''

"သားကဆိုးတယ်...သားကအမြဲအမှားလုပ်ပြီး ကိုကိုတို့အပေါ်ဆိုးနေတာ ''

"...''

"တနေ့ကျရင်ရော သားကိုပစ်သွားမှာပေါ့နော် ''

"...''

"သား ကိုကို့ကိုချစ်တယ် ဒါပေမယ့် ကိုကိုကhyungကို ချစ်တယ်။ တနေ့ကျရင် ကိုကိုကသားကို ပစ်သွားမှာ ''

"ဘာဆိုင်လို့တုန်းဟ ''

"လူတွေကကြီးလာရင် လက်ထပ်ကြတယ်လေဗျာ။ အဲ့တော့hyungနဲ့ ကိုကိုကယူသွားရင် သားကိုပစ်သွားမှာပေါ့''

သူ့ဘာသာအတွေးလွန်ပြီး ထင်ချင်ရာထင် ပြောချင်ရာပြောနေသော jungနုသွေးလေးအား အသည်းယားလာတာကြောင့် နားရွက်ကိုဆွဲလိမ်လိုက်မိသည်။

"အား...ကိုကိုဗျ နာတယ် ''

"မဟုတ်တာကအစ တွေးပြီးငိုနေရသလား...မင်းအကိုနဲ့ငါကအခုထိ ဘာမှတောင်မတွေးရသေးဘူး။ မင်းကသာလျှောက်တွေးပူနေ ''

"အားလာလား...နာသွားပြီ အီဟီး ''

"တိတ်တော့ ''

မျက်နှာလေးကို ဆွဲမော့လိုက်ပြီး မျက်ရည်စတွေကို သေချာသုတ်ပေးလိုက်သည်။ မျက်နှာတစ်ခုလုံးနီရဲနေပြီး ဖောင်းကားနေတာကြောင့် ပါးနှစ်ဖက်ကို အသည်းယားစွာကိုင်လိုက်တော့ ကိုယ့်လက်အားပြန်ဆုပ်ကိုင်လာတဲ့ကလေး။

"ကိုကိုကသားအတွက်ပဲ သားအပိုင် ''

"ဟ...မင်းအပိုင်ဖြစ်စရာလား။ ငါကမင်းအကိုရည်းစား ''

ကျွန်တော်က ကိုကို့အရိပ်ကလေး..💗Where stories live. Discover now