Unicode
-------------ဒီနေ့ ယူဂျင်း ဆေးရုံကနေဆင်းရတော့မည်
ညထဲက ယူဂျင်းရဲ့မာမီက ယောကျ်ားဖြစ်သူကို သားကြီးနဲ့ပတ်သတ်တဲ့ပုံတွေ အကုန်လုံးကို သိမ်ထားဖို့မှာလိုက်လေသည်အကျိုးအကြောင်းအကုန်သိထားသော်လည်း
သားကြီးအတွက်ကော သားငယ်အတွက်ပါစိတ်မကောင်းတာကြောင့် ယူဂျင်းရဲ့ဒယ်ဒီ ယူမင်ရဲ့ ချစ်စရာကောင်းလွန်းလှသောဓာတ်ပုံလေးများကိုကြည့်ကာ မျက်ရည်များကျလာရပြီ"မင်လေး..သားကြီး.... ဒယ်ဒီတို့ကိုခွင့်လွှတ်ပါကွာ သားရဲ့ညီလေးအခြေအနေကြောင့် ဒယ်ဒီတို့ခုလိုလုပ်ရတာပါ... မာမီနဲ့ဒယ်ဒီ့ရဲ့ ရင်ထဲမှာ သားကြီးအမြဲရှိပါတယ်..သားရဲ့ညီလေးကတော့ သားကိုချစ်လွန်းလို့ မေ့သွားတာပါသားရယ်...ညီလေးကိုလဲခွှင့်လွှတ်ပေးလိုက်ပါကွာ"
ဒယ်ဒီတစ်ယောက် ယူမင်ရဲ့ပုံလေးကိုကြည့်ကာ တစ်ယောက်ထဲ အထပ်ထပ်အခါခါ တောင်းပန်နေမိသည်
သူတို့အတွက် အရမ်းကိုခက်ခဲလှတဲ့ဆုံးဖြတ်ချက်ပဲမလား....——————————
ယူဂျင်းတစ်ယောက် အိမ်ကိုပြန်ရောက်တာနဲ့ သူ့အခန်းထဲကိုတန်းဝင်ကာ အိပ်ယာပေါ်ပစ်လှဲလိုက်သည်
အရာအားလုံးဟာပုံမှန်ဖြစ်နေပေမယ့် သူ့စိတ်ထဲလစ်ဟာနေသည်ကိုတော့ သူသိသည်
ဘာလိုအပ်နေလဲဆိုတာကို သူစဉ်းစားလို့မရအိပ်ယာဘေးနားမှာရှိတဲ့စားပွဲလေးတစ်ခုကိုငေးကြည့်နေမိသည်
မီးအိမ်လေးတစ်ခုတင်ထားကာ ဘေးနားတွင် စီစီရီရီထားထားတဲ့ စာအုပ်လေးတွေခဲတံ/ဘောပင် စတာတွေထည့်ထားတဲ့ စတော်ဘယ်ရီသီးပုံစံခွက်လေး
အကုန်စုံနေပါသော်လည်း တစ်ခုခုကိုလိုအပ်နေတာခံစားမိသည်
မည်မျှပင်စဉ်းစားစေကာမူ ခေါင်းထဲတွင်ပေါ်မလာခဲ့ပေ"အားးးးးးးးး"
စူးရှကျယ်လောင်လှတဲ့အော်သံကြောင့် မာမီတို့အပေါ်ပြေးတက်လာခဲ့ကြလေသည်
အခန်းတံခါးဖွင့်လိုက်ချိန် မြင်ရတဲ့မြင်ကွင်းကြောင့် ယူဂျင်းရဲ့မာမီစိုးရိမ်စိတ်မိုးထိပြန့်သွားသလိုပင်
![](https://img.wattpad.com/cover/340212423-288-k249123.jpg)
BẠN ĐANG ĐỌC
အချစ်ဦးမို့ရူးမိသည်(အခ်စ္ဦးမို႔႐ူးမိသည္) ( Complete )