Unicode
--------------ရှေ့ကနေခပ်မြန်မြန်ထွက်သွားတဲ့ယုန်ပေါက်လေးနောက်ကိုရစ်ခီရှန်အမှီလိုက်သွားရသည်
*ကိုကို့ကလေးက ရှက်နေတာတောင်ချစ်စရာလေး*
အပြင်ကိုထွက်မလာခဲ့တဲ့စကားလေးတစ်ခု
စာဖို့အသင်ပြင်နေတဲ့ ဟန်ဘင်းတို့အုပ်စု ယူဂျင်းနဲ့ရစ်ခီဆင်းလာတာကို ကြည့်နေကြသည်
စားပွဲဆီမလာပဲ ရေခဲသေတ္တာဆီကိုဦးတည်သွားတဲ့ယူဂျင်းဟာ အထဲကနေရေဗူးကိုထုတ်ပြီးအလျင်စလိုသောက်နေသည်
ထယ်ရယ်က ဘာဖြစ်တာလဲဟုသောအမေးဖြင့်ခေါင်းမော့ပြကာ ရစ်ခီရှန်ကတော့ နှုတ်အမူအယာဖြင့် ရှက်နေတာဟူ၍ပြောလိုက်တာကြောင့် တစ်ဖွဲ့လုံးပြုံးစိစိဖြင့် ထိုင်ခုံတွင်ကိုယ်စီဝင်ထိုင်လိုက်ကြသည်
ယူဂျင်းဟာရေသောက်ပြီးနောက် ရစ်ခီ့ဘေးတွင်ဝင်ထိုင်ကာစားဖို့အတွက်ကြည့်လိုက်သည်
(ညစာချက်ထားတာတွေစားဖို့ပါနော်😁)"ဟျောင်း..ကြိုးကြိုးစားစားချက်နေကြလို့ဘာများလဲလို့ ခေါက်ဆွဲပြုတ်တဲ့လား"
"အာ..ယူဂျင်းကလဲ ဘေးမှာအာလူးကြော်ရော ထမင်းရော ကြက်ကြော်ရော ပြီးတော့ ခေါက်ဆွဲထဲမှာလဲ အစာပလာတွေသေချာထည့်ထားတာပါ"
"စတာပါ..စတာစတာ.."
"အစပ်မစားတဲ့ရစ်ခီအတွက် ငါကိုယ်တိုင်ထမင်းကြော်ပေးထားတယ် သုံးထပ်သားနဲ့နော် ရှယ်စားကြည့်"
"ဘက်လိုက်တာ"
"ကိုယ့်ဟာစားမလား"
"အဲ့တာဆို ခင်ဗျားကဘာသွားစားမှာလဲ"
"အာလူးကြော်ရှိတယ်လေ"
"တော်ပြီ ခေါက်ဆွဲကိုပိုကြိုက်တယ်"
ပြောရင်းနဲ့ ယူဂျင်းခေါက်ဆွဲကိုပန်းကန်ထဲထည့်ကာ စားတော့သည်
အကုန်လုံးလဲဗိုက်ဆာနေတာကြောင့် သေချာစားနေကြသည်
တစ်နေကုန်မစားရသေးတဲ့ယူဂျင်းဟာလဲ အများကြီးစားနေခဲ့သည်ရစ်ခီရှန်ကတော့ သူ့ကလေးကိုကြည့်လိုက် ထမင်းစားလိုက် cola ထည့်ပေးလိုက်နဲ့တစ်ယောက်ထဲအလုပ်ရှုပ်နေသည်
ВЫ ЧИТАЕТЕ
အချစ်ဦးမို့ရူးမိသည်(အခ်စ္ဦးမို႔႐ူးမိသည္) ( Complete )