part-11

180 20 4
                                    

Unicode
--------------

"ကိုကို"

"ဗျာ ကလေး.."

"ကိုကို့နောက်မှာဖွက်ထားကဘာကြီးလဲ...ကျွန်တော့်ကိုပြလေ.."

ဒီကလေးလေးသိပ်ကိုမျက်စိလျှင်ပါသည်
ကျွန်တော်သေချာမသိသာအောင်ဖွက်ယူလာခဲ့ပေမယ့် ကလေးလေးကတော့ ချက်ချင်းပင်းရိပ်မိသွားပြီ

"ကလေးကတော့လေ ကိုကိုဘာမှဖွက်ထားလို့ကိုမရဘူးပဲ...ရော့ ဒါ ကိုကို့ကလေးလေးအတွက် နို့ချောကလက်ဘူးလေးပါဗျ"

"စောစောကပေးပါ့လားလို့..ကျွန်တော်က ကျန်တာသာ ‌ဂရုမစိုက်ရင် မစိုက်မိမှာ ကိုကို့ကိုတော့ တစ်ခုခုဆို ချက်ချင်းသိတာပါနော်.. အဲ့တာကြောင့် ကိုကို ကျွန်တော့်ကို လာပြီးညာဖို့မကြိုးစားနဲ့...လျို့ဝှက်ထားဖို့လဲမကြိုးစားနဲ့..ကျွန်တော်ကတန်းသိမှာပဲ..လျို့ဝှက်ထားရင် ကျွန်တော့ကိုညာထားရင် ကိုကို့ကို ဘယ်တော့မှမခေါ်တော့ဘူး"

"ဟုတ်ပါပြီဗျာ ကိုကိုက ကလေးလေးကို ဘယ်တော့မှလိမ်ညာပြောဖို့ လျို့ဝှက်ထားဖို့ စိတ်ကူးမရှိပါဘူးဗျာ..ဟုတ်ပြီလား"

ကလေးလေးက ကျေနပ်သွားတဲ့ဟန်လေးဖြင့် အချိုရည်ဘူးလေးကိုကိုင်ကာ ပြုံးစိစိဖြင့် သောက်နေလေသည်
ကျွန်တော် ဒီကလေးလေးကို အူမယားပဲမနေနိုင်ပါ ဖောင်းကစ်နေတဲ့ပါးလေးနှစ်ဖက်ကို ဖျစ်ညှစ်ပစ်ချင်မိသည်

"ဂျင်းနား...ဘာတွေသောက်နေတာလဲ.."

"မင်ကိုကို..ကိုကိုက သားဖို့ နို့ချောကလက်ဝယ်လာပေးလို့ သောက်နေတာ.."

"အကိုအရင်းကိုကျ မင်ကိုကို  သူ့ကျ ကိုကိုတဲ့လား..ဂျင်းနား..အခုက မတရားဘူးမဟုတ်လား"

"တရားပါတယ်နော်..ကိုကိုက သားအတွက် ခဏခဏ သားကြိုက်တာတွေယူလာပေးတယ်လေ..မင်ကိုကိုကတော့ သားဆီက‌လာလာတောင်းတာ..တရားတယ်.."

စကားတတ်လွန်းတဲ့ ညီငယ်ဖြစ်သူကြောင့် ယူမင်ရော ရစ်ခီပါ သဘောကျစွာရယ်မိသည်
ယူဂျင်းလေးကတော့ အချိုရည်ဗူးကိုသောက်ကာ ဘေးတစ်ဖက်ဆီမှာထိုင်နေတဲ့ ကိုကိုနှစ်ယောက်ကို တစ်လှည့်စီကြည့်နေလေသည်

အချစ်ဦးမို့ရူးမိသည်(အချစ်ဦးမို့ရူးမိသည်) ( Complete )Dove le storie prendono vita. Scoprilo ora