Unicode
-------------တံခါးဖွင့်သံနဲ့အတူ ယူဂျင်းကြားလိုက်ရတာက
ဘေးနားက အဖွဲ့ဝင်သင်တန်းသားတွေတီးတိုးပြောသံများ"ဟျောင့်တွေ ဟိုကောင်လေးကိုကြည့်စမ်းပါ"
ပတ်ဂွန်းနုရဲ့ စကားကြောင့် တစ်ဖွဲ့လုံးအကြည့်တွေက တံခါးပေါက်ကနေဝင်လာတဲ့ ကောင်လေးဆီရောက်သွားကြသည်
တစ်ဖွဲ့လုံးအံ့ဩမှင်သက်စွာကြည့်နေသောထိုကောင်လေးမှာ ပစ်ချက်မရှိအောင်ပြည့်စုံနေလေသည်
အရပ်အမောင်းနဲ့ body လိုက်ဖက်ညီတဲ့အပြင်
မျက်နှာအချိုးအစားမှာလဲ ပြောစရာမရှိအောင်ပင် လှရက်လွန်းသည်ဖြူဝင်းလှသောအသားရည်နဲ့ ရွှေရောင်မက အဖြူရောင်မကျသောဆံပင်အရောင်လေးမှာ အမြင်ရိုင်းမနေစေပဲ လိုက်ဖက်လွန်းလှသည်
အဲ့လိုပြီးပြည့်စုံနေတဲ့သူကို တအံ့တဩမကြည့်မိတဲ့သူဆိုတာရှိပါ့မလားဟု အပြောမစောနိုင်သေးခင် တစ်ယောက်ရှိနေသည်
ဟန်ယူဂျင်းပင်
ယူဂျင်း ထိုကောင်လေးကို ကြည့်ရတာ အသားကျနေသလိုပင်ဖြစ်နေသည်
အခုမှပထမဆုံးမြင်ဖူးတာသာပြောတာ သူ့အတွက်တအားရင်းနီးလွန်းသလိုဖြစ်နေလေသည်*ဘယ်မာမြင်ဖူးတာလဲ?*
တစ်ယောက်ထဲအတွေးထဲလည်နေစဉ်
ထိုကောင်လေးဟာ တစ်ဖွဲ့လုံးထဲမှာမှ ယူဂျင်းကိုတစ်ချက်ကြည့်ကာ ရုံးခန်းသို့ဝင်သွားခဲ့သည်တစ်ဖွဲ့ကသတိထားမိလိုက်သလို ယူဂျင်းကိုယ်တိုင်လဲမျက်လုံးချင်းစုံခဲ့တာကိုသိလိုက်သည်
ဂယူဘင်းတစ်ယောက် အကြည့်ကိုသိလိုက်တာမို့စိတ်ပူသွားကာ ထိုကောင်လေးပြန်ထွက်လာရင် ထပ်တွေ့နေမှာစိုး၍ အခန်းထဲ ပြန်သွားကြရန်ပြောလိုက်လေသည်
တစ်ဖွဲ့လုံး မိမိတို့ trannie အခန်းထဲ ရောက်တာနဲ့
မိမိတို့အတွက်သီးသန့်ရေးပေးထားသော Over me သီချင်းကို အကစလေ့ကျင့်ခဲ့ကြသည်ထိုစဉ် ဆရာဝင်လာကာ
"အားလုံး အခု အသစ်လေးရောက်လာပြီမလို့ မိတ်ဆက်ပေးမယ်"
![](https://img.wattpad.com/cover/340212423-288-k249123.jpg)
ESTÁS LEYENDO
အချစ်ဦးမို့ရူးမိသည်(အခ်စ္ဦးမို႔႐ူးမိသည္) ( Complete )