အပိုင်း ၃"မောနင်း...ဒယ်ဒယ်''
အိပ်ချင်မူးတူးလေးနဲ့ သူ့ဒယ်ဒီအားနှုတ်ဆက်လာသည်က ချစ်စရာအတိ။
သူ့အားပြုံး၍ကြည့်နေမိတဲ့ကိုယ့်ကိုမြင်တော့
"ပါးပါးလည်း မောနင်း သားသားကိုမောနင်း kissပေးအုံး''
သူ့ခါးအားပြေးဖက်လာကာ မောနင်းkissတောင်းနေရှာသော ခေတ်ပုစိလေး။
"သားသား သူကပါးပါးမဟုတ်ဘူးလေ ကိုကိုလို့ပဲခေါ်''
"မခေါ်ဘူး ပါးပါးထော်မယ် ဒယ်ဒယ်လာပြီး အနိန့်ပေးလာညဲ့ သူကတားပါးပါးပဲ''
"ခေတ်ဦး....''
သူအော်လိုက်ပေမဲ့ အဖေတူသားမို့လားတော့မသိဘူး မျက်နှာပေးကိုက မထုံတသေးနဲ့ ခွေးပေါက် အဲလေ ငါပါခွေးအဖေဖြစ်ပြန်တော့မယ်။
မဟာထိုင်နေသော ထိုင်ခုံနားလေးသွားကာ တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောကြသည်မသိ
ပြုံးစိပြုံးစိနဲ့ တကယ်ကိုအမြင်ကပ်စရာလေးတွေ။သူသတိထားမိလိုက်သည်က ထိုကောင်လေးရဲ့အပြုံးဟာ အရမ်းအေးချမ်းလွန်းသည်ပင်။
အဲ့လိုအပြုံးလေးကိုပိုင်ဆိုင်ထားတဲ့ ကလေးငယ်ကိုတောင်သူသတိရလိုက်မိသည်။"အလိုဘုရား ငါ့တူကပြုံးတော်မူနေတယ်တဲ့ ဆေးစားမှားထားပြီထင်ပါရဲ့''
ထိုကောင်လေးကိုကြည့်ပြီးပြုံးနေသောကြောင့် တီလေးအံ့သြကာ နှုတ်မှအသံပင်ထွက်လာသောကြောင့်အလျင်အမြန် ကိုယ့်ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ရသည်။
ထိုကောင်လေးရဲ့အပြုံးဟာ ချိုလွန်းသည်။
အပူအပင်ကင်းမဲ့သည်။
မျက်ဝန်းလေးတွေဟာလည်း မြတ်နိုးဖို့ကောင်းလှ၏။ဂုတ်ထောက်နေသည့်ဆံပင်လေးက မညီမညာဆိုပေမယ့် သူလေးနှင့်လိုက်ဖက်လွန်းသည်။မိန်းကလေးတစ်ယောက်မဟုတ်ပေမဲ့ သူနှုတ်ခမ်းလေးက နီရဲနေလျက်။
ထိုကောင်လေးအား ကြည့်ကာအာခေါင်ပင်ခြောက်လာရသည်။ထို့ကြောင့် စားပွဲပေါ်တင်ထားသော ရေခွက်အားမော့သောက်လိုက်ရသည်။"ဟိုလေ....''
"အင်း...''
မနက်စားကိုမစားပဲ တံတိုင်းကြည့်ကာ ဘာပြောချင်သည်မသိ။စကားပြောရင် တစ်ခွန်းစနှစ်ခွန်းစနဲ့ ပြတ်ပြတ်သားသားမပြောဘူး။တံတိုင်းစိတ်မရှည်သည်ကတော့အမှန်
YOU ARE READING
မဟာ့ရဲ့တံတိုင်း(ongoing)
Romanceဆုံတွေ့မှုတိုင်းမှာ ကံအေကြာင်းကြောင့်လို့ကျွန်တော်သတ်မှတ်သည်။ 6.4.23 to