အပိုင်း 6
ဦးချစ်ကောင်းစံဟာ သားကိုရှာနေသည်မှာ တစ်လပင်ပြည့်ခဲ့ပြီဖြစ်၏။ဒီနေ့က အိမ်က တူတော်မောင်က ကျောင်းတွင်းပွဲလေးကို အတင်းခေါ်ဆောင်မှု့ကြောင့်သူလိုက်ခဲ့ရသည်။ ရှာဖွေမှု့ကိုလည်း လက်မလျာ့နိုင်သေးပေ။ ထိုအချိန်တွင် သူ့မျက်စိရှေ့တွင် မထင်မှတ်ထားသည့်အရာတစ်ခုကိုမြင်လိုက်ရသည်။
"မဟာ.....''
သူခေါ်ဖို့ပြင်လိုက်ချိန်တွင်
စီးပွားရေးရဲ့ (ထိပ်သီး/အရှင်သခင်) ဖြစ်နေတဲ့ ဦးခေတ်တံတိုင်း က မဟာ့အနားရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် မခေါ်တော့ပဲ အဝေးကနေတာ စောင့်ကြည့်နေမိတော့သည်။စုံစမ်းမှုတွေဒီလောက်လုပ် လိုက်ရှာတာမတွေ့တာက ထိုသူကြောင့်ဆိုတာ ဦးချစ်ကောင်းစံတစ်ယောက်နားလည်လိုက်ပြီဖြစ်သည်။
ကျောင်းဝင်းထဲကထွက်သွားသည်အထိသူလိုက်ကြည့်နေမိ၏။
မဟာငယ်လေး ထိုသူ့ဘေးနားပြုံးပျော်နေတာကိုမြင်ရတော့ သူစိတ်ချနိုင်ခဲ့ပြီ။ထပ်ပြီးလည်းရှာနေစရာမလိုအပ်တော့ကြောင်းကို ဦးခန့်စိုးအားပြောရအုံးမည်။ဦးခန့်စိုးဆိုသူသည်ကား သူ၏ အရင်းနှီးဆုံးသော တိုင်ပင်ဖော်တိုင်ပင်ဖက် ငယ်ပေါင်းတွေလည်းဖြစ်ပြီး ရှေ့နေ့ဆိုလည်းမမှားပေ။
ယုံကြည်စိတ်ချရဆုံးသောပုဂ္ဂိုလ်ဆိုလည်းမမှားပေ။"မောင်....ခင့်လုပ်ရပ်က မှန်ကန်တယ်လို့ မောင်ထင်လား''
ဇေယျာလင်းမောင်၏ ရင်ခွင်ထဲတွင်မှီထားလျက် မောင့်မျက်နှာအားမော့ကြည့်ကာမေးလိုက်ခြင်းပေ။
"ခင့်ဆုံးဖြတ်ချက်က မှန်ကန်ပါတယ် ခင့်ဖေဖေရဲ့အတွေးတွေကသာ မှားယွင်းနေခဲ့တာပါ။ ခင့်ဖေဖေခင်းပေးတဲ့လမ်းကိုကိုသာ ခင်ဆက်လျှောက်ရမယ်ဆိုရင် ကိုယ်တို့တွေလမ်းမှားကိုဆက်လျှောက်နေကြအုံးမှာပါ ''
"ဖေ့ဖေ့ကိုတော့ သနားပေမဲ့ သူလောဘကြီးလွန်းတယ်''
"အင်း... လူတိုင်းကတော့ လောဘနဲ့မကင်းကြပါဘူး
နားလည်ပါတယ် မောင်တို့လျှောက်မဲ့လမ်းလည်း ဒီလိုမျိုးတွေနဲ့ကြုံရအုံးမှာမို့ မောင်တို့ ကြံကြံခံနိုင်အောင်ကြိုးစားရအုံးမယ်''"အင်း ခင်တို့ကြိုးစားရအုံးမယ်
ခင်တို့ အပြင်သွားကြမယ်လေ မောင်''"ဟုတ်ပါပြီ မောင့်အချစ်ကလေးက ဗိုက်ဆာနေရောပေါ့ လာမောင်တို့သွားကြမယ်''
.....
အချိန်အားဖြင့် ၃လပင်ရှိနေပြီပင်။
ဦးခေတ်တံတိုင်းသည်လည်း အရင်ကနှင့်မတူပဲ မျာက်နှာထက် အပြုံးများအမြဲပန်ဆင်ထားသည်။ရုံးတွင်လည်း မျက်နှာထားတင်းတင်းနဲ့မဟုတ်တော့ပဲ ရုံးဝန်ထမ်းများအား နှုတ်ဆက်နေသေးသည်ပင်။
စိတ်တိုင်းမကျတိုင်း အတွင်းရေးမှူးအား အမြဲဆူပေမဲ့ အခုတော့ ယခင်ကနှင့်မတူတော့ပေ။
အခုလည်းအစည်းဝေးခန်းထဲ၌ အရင်ကလို
မျက်နှာတည်တင်းနေမျိုးမဟုတ်ပဲ အပြုံးမမည်သော အပြုံးနုနုတို့ကိုမြင်ပြီး အခန်းထဲလူတိုင်းက အံ့သြနေကြသည်။"ကဲ ဒီလောက်နဲ့ပဲနားကြတာပေါ့ ကျွန်တော်လည်း သွားစရာလေးရှိနေသေးတော့ နောက်ရက်မှာဆက်ပြောကြတာပေါ့ ဆိုတော့ ကျွန်တော်အရင် သွားပြီ ကျေးဇူးတင်ပါတယ်''
"ဟာ..မဟုတ်ဘူးလေ ဥက္ကဋ္ဌ ..''
ထိုစဥ်ထပြောလာသော ရှယ်ယာဝင်ထားသော ဦးမဟာလွင်
"ခင်များပြောစရာကျန်နေသေးရင် ကျွန်တော့အတွင်းရေးမှုးနဲ့သာဆက်ပြောထားလိုက်ပါ ကျွန်တော်တော့ဒီလောက်နဲ့ပဲသွားလိုက်ပါအုံးမယ်''
အစည်းအဝေးခန်းထဲမှ အပြေးအလွှားထွက်သွားသော ဦးတံတိုင်းအား အခန်းတွင်းရှိ လူများက ထူးဆန်းစွာပြင်ကြည့်ရင်းရပ်ကျန်နေခဲ့ကြသည်။
အခန်းတွင်း၌ မပြီးပြတ်သွားသော ဆွေးနွေးပွဲကြီးကို အတွင်းရေးမှူးက ဆက်လက်ဆွေးနွေးရင်းကျန်ရစ်နေခဲ့သည်။
ဦးခေတ်တံတိုင်း တို့ကတော့မိသားစုလိုက် စျေးဝယ်စင်တာတို့ရောက်ရှိနေရဲ့။
.........
YOU ARE READING
မဟာ့ရဲ့တံတိုင်း(ongoing)
Romanceဆုံတွေ့မှုတိုင်းမှာ ကံအေကြာင်းကြောင့်လို့ကျွန်တော်သတ်မှတ်သည်။ 6.4.23 to