အပိုင်း 2
ထိုလူကြီးရဲ့စိတ်ပူမှုကြောင့်
မဟာတစ်ယောက် ဆေးရုံတွင်၃ရက်ခန့်နေလိုက်ရသည်။အိမ်ကလူတွေတော့ သူ့အားမည်မျှစိတ်ပူနေလောက်မလဲ။လိုက်များရှာလေမလားဆိုတဲ့အတွေးလေးဝင်လာခဲ့ပေမယ့် ဒါဟာ လုံးဝမဖြစ်တော့တဲ့ သူ့ရဲ့မျှော်လင့်ချက်ပင်။
သားအရင်းဖြစ်သူကိုတောင် သူစိမ်းတစ်ယောက်ထံထိုးသွင်းအပ်နှံကာ ငွေစက္ကူအထပ်လိုက်ပိုက်လျက် မိမိအားကျောခိုင်းသွားခဲ့သောမိခင်။
ငါမေ့သွားတာပဲ ငါ့ကိုစိတ်ပူမဲ့သူတစ်ယောက်မှရှိခဲ့ဖူးတာမှမဟုတ်ပဲ။
ဒီနေ့လို အဖြစ်အပျက်မျိုးကို ဘယ်တော့မှ ထပ်မကြုံပါရစေနဲ့လိုသာ သူဆုတောင်းနေရသည်။ယခုလည်း ထိုလူ့လက်ထဲမှ လွတ်ရာလွတ်ကြောင်းထွက်ပြေးလာခဲ့ရသည်။
သူထွက်ပြေးလာသည် ဒါနဲ့ဆိုသုံးကြိမ်တိတိပင်ရှိချေပြီး...ဒီတစ်ခေါက်တော့ သူ့အားပြန်ဖမ်းမိလျှင် ခြေထောက်ရိုက်ချိုးခံမည်မှာအသေအချာပင်။ထို့ကြောင့်သူမပြန်ချင်ခဲ့ပဲ သူ့အားကယ်ခဲ့သောထိုလူကြီးရဲ့အကြံအတိုင်းသာ ဆေးရုံတွင်နေလိုက်သည်။ယနေ့တော့ သူဆေးရုံဆင်းရမည့်ရက်ပင် ရောဂါထွေထွေထူးထူးရယ်မရှိပေမယ့် အဖျားကြီးလွယ်ပြီး ပျော့ဖတ်ဖတ်ခန္ဓာကြောင့်သာ သူဆေးရုံတွင်နေရခြင်းဖြစ်တယ်ဆိုတာကို ထိုလူပြောမှသာသိရသည်။
သူအတွေးလွန်နေချိန်
"ကလေး....ကိုယ်တို့ပြန်ကြမယ်လေ''
"ကျွန်တော် မပြန်ချင်ဘူး ပြန်ရင်လည်းကျွန်တော့ကိုကြိုဆိုမဲ့သူမရှိဘူးဒါကြောင့်မို့ ကျွန်တော်မပြန်ချင်ဘူး ဦး''
"ဒါဆို...ကိုယ်အိမ်လိုက်နေမလား''
"ကျွန်တော်တကယ်လိုက်နေလို့ရလား ဦး''
"ရတာပေါ့ ဒါပေမယ့် အိမ်ရောက်ရင် ကိုယ့်သားကို ထိန်းပေးပေါ့''
"ဟုတ်....ကျွန်တော်လက်ခံတာမို့ ခုသွားကြမယ်လေ''
"ဟား..ဟားး...ဟုတ်ပါပြီ ကလေးသဘောပါဗျာ''
YOU ARE READING
မဟာ့ရဲ့တံတိုင်း(ongoing)
Romanceဆုံတွေ့မှုတိုင်းမှာ ကံအေကြာင်းကြောင့်လို့ကျွန်တော်သတ်မှတ်သည်။ 6.4.23 to