Part 2

3K 35 0
                                    

Uni

ဒီလိုကျောင်းဖွင့်ရက်တွေဆို ကျွန်တော်က Babyလေးထက် စောစောအိပ်ယာထရပါတယ်။
အထူးသဖြင့် Monday တွေမှ ထရာတာပိုစောပါတယ် ညက ကြမ်းထားသမျှ မနက်မှအကုန်ပေါင်းရှင်းရကာ Babyလေး၏ ဝေယာဝစ္စလေးတွေလည်းလုပ်ပေးထားရတယ်လေ။အဲ့တာတွေပြီးမှ မနက်စာပြင်ဆင်ရတယ်။ဒီမနက်တော့ ညကအားပျက်ထားသော Babyလေးကြောင့် နွားနို့ပူပူလေးတစ်ခွက်နှင့် ထမင်းပေါင်းလေးအား ကိုယ်တိုင်ပြင်ဆင်ကာ Babyလေးနိုးလာလျှင် စားရန်အဆင်သင့်ပြင်ထားလိုက်၏။ Best friend သာပြောတာ ကျွန်တော်တို့နေထိုင်ပုံက အိမ်ထောင်သည်တွေလိုပါပဲလို့ တွေးရင်းကြည်နူးမိ။

"ဟျောင့် မာန်ထက် ဘာတွေချက်နေတာလည်း"
ထပ်ပြီးအတွေးလွန်နေတုန်း Babyလေး ရောက်လာပြန်ပါရောလား

"နိုးပြီလား Baby လေး ကိုယ် Babyအတွက် နွားနို့နဲ့ ထမင်းပေါင်းလေး လုပ်ပေးထားတယ်"

"Wowww ဗိုက်ဆာနေတာနဲ့အတော်ပဲ"

"လာ Baby ဒီမှာလာထိုင်"
ပြောရင်းနှင့်ပင် Sofaအသေးစားလေးထားပေးထားသော ခုံလေးအား Babyလေးထိုင်ဖို့ ဆွဲထုတ်ကာ ထိုင်စေလိုက်သည်။ ဒီလိုမနက်မျိုးဆို ရိုးရိုးခုံထိုင်ဖို့ကမဖြစ်တာ ကျွန်တော်ကောင်းကောင်းသိ၏။

"Baby အဆင်ပြေရဲ့လား"

"ဟင် ဘာကိုလည်း စားတာကိုလား"

"အစားရော ခန္ဓာကိုယ်ရော"

"အစားက ပြောစရာမလိုပါဘူး မင်းလက်ရာကိုးးးး

ဖင်ကတော့ နာပြီးကျိန်းနေတာပဲ ခွေးကောင်ရဲ့"

"ဟင် တော်တော်နာနေလားဟင်"

"မင်းခံကြည့်လေ လိ့ပဲ"

"Arrr Babyကလည်း ပြီးအောင်စားလိုက်နော် ခဏနေအပေါ်တက်ပြီး ဆေးလိမ်းရအောင်နော်"

"Omm"
ဒီလိုနှင့်ချော့၍သာ မနက်စာကျွေးရတော့သည် မဟုတ်ရင်ဆဲနေတာနဲ့ စားတော့မှာမဟုတ် ခုလည်း ဖင်နာနေလို့ ဆူပုတ်ပုတ်ဖြစ်နေသော မျက်နှာလေးကို အကဲခတ်လျက်

"အာ့ ဟာ့ ဖြေးဖြေးလုပ်ကွ နာတယ် ဟင့်"

"ခဏလေးပါ Babyလေးရယ် ခဏပဲပြီးတော့မယ်"

Our Friendship Where stories live. Discover now