Part 7

990 18 3
                                    

"မာန်ထက် မင်း အဲ့ကောင်မလေးကို ကြိုက်လား"

"မကြိုက်ပါဘူး Babyရဲ့
Babyရော....."

"ငါက ကြိုက်စရာလား"

"အော် ဒါဆို Baby ကြိုက်နေတဲ့လူရှိလား"

"Omm ရှိတယ် လူတော့မဟုတ်ဘူး dickကို"

"ဟားးးးး ဟားးးး အမလေး ကလေးက ပြောရဲဆိုရဲလိုက်တာဗျ
ကြိုက်ရင် ညတိုင်း သုံးလို့ရတယ်နော်"

ပြောရင်း မျက်စိ တစ်ဖက်မှိတ်ပြတော့ လက်ဖဝါးနုနုတွေဖြင့် လှမ်း၍ ရိုက်လေသည်

"ဦးလေး ရှိတော့ ရှောင်မလို့ကို
ခုနောက်ပိုင်း မင်းက မစဘဲ ငါကပဲ စနေရတာ
လိ့ပဲ"

"ဟက် ကိုယ်က Babyကို ညှာနေလို့ပါ ဟွင်းးးး
ပြီးးး ဝန်ခံရရင် ဒီရက်ပိုင်း Babyပေါ် နူးညံ့ချင်နေတာလည်းပါမယ် ချစ်တဲ့စိတ်က နူးညံ့ဖို့ပဲအားသာနေသလို"

"Babyရော"
ပြောရင်းလှည့်ကြည့်တော့ မျက်ရဲများဝဲနေသောမျက်ဝန်းတွေ

"ကျစ် မငိုရဘူးလေကွာ Babyရ"

"မာန်ထက် ငါ ငါ မင်းကို ပိုင်ဆိုင်ချင်တယ် တစ်ဆက်တည်းမှာပဲ ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးသွားမှာဆိုတဲ့ စိတ်တွေကလည်း အလုံးအရင်း၀င်ရောက်လာတယ် အမြဲအဲ့လိုပဲ တွေးလိုက်တိုင်း ငါခံစားရတယ် အာ့ကြောင့် မတွေးချင်ဘူး"

လမ်းဘေးတော့ ကားခဏချကာ ဒီကလေးအား နှစ်သိမ့်ရဦးမည်

ကိုယ်ငယ်လေးအား ရင်ခွင်ထဲထည့်ပြီး ခေါင်း‌လုံးလုံးလေးအား ပုတ်ပေးတော့ တသိမ့်သိမ့်တုန်နေသော ကျောပြင်ငယ်လေး

"အတွေးလွန်တက်လိုက်တာကွာ Babyရ
မတွေးပါနဲ့ ဒီတိုင်းလေးလည်းအဆင်ပြေတယ်လေ ခု ကိုယ်နဲ့Babyတူတူရှိနေတာပဲမဟုတ်ဘူးလား"

"မင်း သိလား မာန်ထက် ငါတို့က ငါတို့ဘဝရဲ့ လျှောက်လှမ်းရမှာတွေကိုမတွေးဘဲ ဒီတိုင်းနေလာခဲ့ကြတာ ငါတို့အသက်တွေကြီးလာရင် မလုပ်မဖြစ်တဲ့ ဘဝတာဝန်တွေ လုပ်ရတော့မယ်
အာ့ကြ မင်းလည်း မင်းလမ်း မင်းလျှောက် ငါ ငါလည်း ဟင့်"

"ကျစ်"
ပိုမိုတင်းကျပ်စွာ ဖက်လျက်

"အဲ့တာဝန်တွေ လုပ်နေလည်း ကိုယ်နဲ့Babyမခွဲရပါဘူး အမြဲတူတူရှိနေလို့ရပါတယ် ခွဲရမယ်ဆိုလည်း ကိုယ် မခွဲနိုင်ဘူး Babyဘက်ကသာ တိကျတဲ့အဖြေရရင် ကိုယ်လုံးဝ Babyကို လက်မလွှတ်ဘူးရယ်"

Our Friendship Where stories live. Discover now