tiiiiiiitiiiii📱
"ကျစ် ....ဒီကောင် ဘယ်သွားပြန်ပြီလဲမသိဘူး ဖုန်းကို ယူမသွားဘူး"
"Hello"
"မာန်ထက်လား ဦးငယ်ပါ"
"Arrr Uncle ဗျ မာန်ထက်က မရှိဘူး ခင်ဗျာ"
"အော် ငါ့တူ ပိုင်သွေးစက်ပဲ"
"ဟုတ်...."
"ဦးငယ်က မာန်ထက်ကို ဒီလာဖို့ အကုန်အဆင်သင့်ဖြစ်ပြီလို့ လှမ်းပြောတာပါ"
"ဗျာ.....ဟုတ်"
"သူပြန်လာရင် ဦးငယ်ကို ပြန်ဆက်သွယ်ခိုင်းလိုက်နော် ပိုင်"
"ဟုတ် ဟုတ်ကဲ့ ခင်ဗျ"
ဖုန်းချပြီးသည့်တိုင် သွေးကြောင်အစွာ ရပ်နေမိသည်
"အေးလေ တစ်နေ့တော့ ဝေးရမှာပဲကို"
ညှိုးငယ်ဖျော့တော့စွာနဲ့ အောက်ထပ်ကို ဆင်းလာခဲ့သော သွေးးးးး
"နေမကောင်းတာနဲ့ အစ်မဆီသွားဖို့က တစ်ပတ်လောက် ကြန့်ကြာနေရတာ ကျစ်"
စိတ်ပျက်ပျက်နဲ့ ဆိုဖာပေါ် ထိုင်ရင်း အစ်မဝမ်းကွဲဆီရဲ့ ph no.ကို ထိုင်ကြည့်နေရင်း ခေါ်သင့်မခေါ်သင့် စဉ်းစားနေမိတာ
"ဟာကွာ ခေါင်းတွေနောက်လိုက်တာကွာ"
မပြောချင်သေးတာနဲ့ဖုန်းကို ရှေ့ကခုံပေါ် ပစ်ချရင်း မျက်လုံးတွေစုံမှိတ်လိုက်သည်
"ဟိုကောင်က ဘယ်ရောက်သွားရပြန်တာလဲ ဘာမှမပြောဘဲ သူ့ဦးလေးဆီ လိုက်သွားတာတော့ မဟုတ်ဘူးမလား ကျစ်... စိတ်တွေရော ခေါင်းတွေရော ရှုပ်နေတာပဲကွာ"
တစ်ယောက်တည်း စကားတွေပြောရင်း မီးဖိုခနစဘက် ခြေဆန့်ရင်း လက်တွေက လက်တွေက အရက်ပုလင်းတွေဆီ စိတ်လိုလက်ရနဲ့ အပြင်းစား 2ပုလင်းလောက် ယူပြီး ထိုင်သောက်နေလိုက်သည်
"ဟူးးးး အပူတွေက လျော့မသွားပေမယ့် နည်းနည်းတော့ နေလို့ကောင်းတယ် ဟက်"
ပြောရင်းမော့ရင်းနဲ့ပင် ခုံပေါ်မှာ မှောက်သွားလေသော သွေး
"Bae Baby!!!!!"
အိမ်ထဲဝင်လာလာချင်း မြင်လိုက်ရတာက စားပွဲပေါ်မှာ ခေါင်းငိုက်စိုက်ကြနေသော သွေး