ဦးလေးအား လေဆိပ်သွားကြိုရမည်ဖြစ်သောကြောင့် စောစောထရလေသည်
နိုးနိုးချင်း ရင်ဘက်ပေါ် ပါးအပ်အိပ်ပျော်နေသော အကောင်ပေါက်လေးအား ငေးမောရသည်
အကောင်ပေါက်လေး ဒီရက်ပိုင်း ကျွန်တော့်ကို တော်တော်အူတိုနေတာ
တစ်လောကလုံး နှစ်ယောက်တစ်ကမ္ဘာနေလာခဲ့တော့ ကျွန်တော်တို့ဘ၀ထဲတခြားသူ ၀င်လာမှာ သူကြောက်သည်ထင် သူမပြောပြလည်းနားလည်တာမို့ တစ်နေ့တစ်နေ့ အချစ်ပိုရင်းသာ ဒီကလေးနားက မခွာနိုင်သူက ကျွန်တော်သာ
တစ်အောင့်နေတော့ အကောင်ပေါက်ကိုပါ တစ်ခါတည်းနှိုးလိုက်ရတော့တယ် အရင်လို ပြင်ဆင်ပြီးမှနှိုးလို့မဖြစ် နောက်ကျမည်"အွန်းးးးး အစောကြီးပဲ မာန်ထက်ရာ မင်းငါ့ကိုအနိုင်ကျင့်နေတာ"
"ဟောဗျာ ခုထမှ မှီမှာမို့ပါ Babyရာ ထနော် လိမ္မာပါတယ်"
"ရားးးးး နေတောင်ကောင်းကောင်းမထွက်သေးဘူး"
"Omm ပြင်ဆင်ပြီး ကိုယ်တို့စထွက်ရင် နေလည်းထွက်လာမှာပါ" လူကိုရစ်ရတာ အားမရလို့ နေပါလိုက်ရစ်နေသော အနှီလူသားလေးအား မျက်နှာလေး နေမခခင် ကောက်ပွေ့က ရေချိုးခန်းထဲသာ ခေါ်သွားရလေသည်
ကိုယ်ပေါ်ခွလျက်သားနှင့် မဆင်းသောကြောင့် ဘေစင်ပေါ်တင်ပေးတော့ ထိုင်လျက်ခါးအားခြေချိတ်ထားလေသည်
သွားတိုက်ဆေးထည့်ပေးကာ သွားတိုက်တံပေးတော့ အဆိုးလေးက သွားသာ စိလို့ပေးသည်"ငပျင်းလေး"
"ရားးး နှံ့အောင်တိုက်ပေးနော် အကြမ်းကြီးမတိုက်နဲ့"
"Omm par နည်းနည်းဟပေးဦး"
"Baby မျိုမချရဘူးနော် ထွေးထုတ်"
ကျွန်တော့်အကောင်ပေါက်သည် ထိုလောက်ထိပင် အပျင်းထူလေသည်
ရေချိုးတော့လည်း အင်္ကျီအ၀တ်အစားအား ကိုယ်တိုင်သာချွတ်ပေးကာ bath tube ထဲသို့ကိုယ်တိုင်သာ ကောက်ပွေ့ထည့်ရသည်
ရေချိုးပြီးတော့လည်း ပွေ့ချီခေါ်လာပြီး အ၀တ်အစားလည်း ကိုယ်တိုင်၀တ်ပေးလိုက်ရသည်
သူ့အမှုကိစ္စပြီးသွားတော့ လည်တိုင်ကို ဖက်တွယ်က နှုတ်ခမ်းဖျားအား တစ်ချက်နမ်းပြီး"အမျိုးသားလေးက ချစ်ဖို့ကောင်းလိုက်တာဗျာ နောက်မှကောင်းကောင်းကျွေးမယ်"တဲ့