ရုံးတွင်းရည်းစားထားရတာကောင်းလား?
အဲ့ဒါထပ် ဘယ်သူမှမသိအောင် MD နဲ့ ခိုးတွဲနေရတာ ကောင်းလား?
ဟုတ်ကဲ့ ... ကျန်းဟောင်အတွက်တော့ အရမ်းအရမ်းကို ကောင်းတယ်လို့ဖြေရပါမယ် ...
"စိတ်ညစ်ဖို့"
ကိုယ်ကိုယ်တိုင် က MD ရဲ့ secretary ဖြစ်နေတာကြောင့် အနီးကပ်နေရတဲ့အချိန်တွေများပေမယ့် တစ်ချက်တစ်ချက် မထင်ရင်မထင်သလို ထထနမ်းတဲ့ MD ကို ကျန်းဟောင် လန့်နေရသည် ..
ရုံးမှာ အများဆုံးက မိန်းကလေးတွေ ..
MD ကို ချိန်နေတဲ့ မိန်းကလေးတွေ တစ်ပုံတစ်ပင်ကြီးမှာမှ တစ်ခါတစ်ခါ MD က ဘယ်လိုချောတာ ... MD က သူတို့ကို ဘယ်လိုရယ်ပြတာ ... MD က စကားကို ဘယ်လိုချိုချိုသာသာ ပြောတာ စသဖြင့် သူတို့အချင်းချင်းပြောနေရင် ကိုယ်က သဝန်တိုရတာအမော ...အိမ်း .... ကိုယ့်ရည်းစားက အရမ်းချောနေတာကလဲ ဒုက္ခတစ်မျိုးပါလား ...
"အတွင်းရေးမှူးကျန်း .. MD ဆီ အစီရင်ခံစာတင်စရာရှိလို့"
"ဪ အင်း ... ခနနော်"
ကျန်းဟောင် MD အခန်းထဲဝင်သွားတော့ MD က ပြုံးပြုံးကြီး ထိုင်ကြည့်နေလေသည် ..
"ကိုယ့်ကိုသတိရလို့လာတာလား .. ဟာအိုလေး"
"ဗျာ .. မဟုတ်ပါဘူး ... Finance ဌာနက အစီရင်ခံစာတင်မယ်လို့ပြောလို့ သတင်းလာပို့တာပါ"
"ဒီကို အရင်လာပါဦး"
"ဟမ် .. မလာ .. မလာပါဘူး"
"ဟာအိုမလာရင် ကိုယ်လာတယ်ကွာ"
ရုတ်တရက်ကြီး ထလာပြီး ခါးကို အတင်းဆွဲဖက်ကာ ပါးကို ဘယ်ပြန်ညာပြန် နမ်းနေပြန်တဲ့ MD ရင်ဘတ်ကို ကျန်းဟောင် တဖုန်းဖုန်းနဲ့ ရိုက်ပြီးဖယ်ခိုင်းနေမိသည် ..
"ဘယ်လိုဖြစ်နေတာလဲ .. အပြင်မှာလူရှိနေတယ်လေ"
"ရှိရှိလေ ... သူမှ မဝင်လာတာကို"
"ဆောင်းဟန်ဘင်း ... ညစာ ငတ်ချင်လို့လား?"
ကျန်းဟောင်ရဲ့စကားတစ်ခွန်းမှာ MD ဆိုတဲ့ ဆောင်းဟန်ဘင်း နှုတ်ခမ်းဆူရင်း ငြိမ်ကျသွားသည် ..
YOU ARE READING
ZB1 One shot collection
Fanfictionကိုယ့်ရဲ့ ZeroBaseOne ship တွေကို One Shot Collection လုပ်ပြီးရေးသွားမှာပါ