အချိန်အားဖြင့် မနက် ၁ နာရီခွဲ ....
ပေါ်လာလိုက် ပျောက်သွားလိုက် ဓာတ်မီးတိုင် အလင်းတွေကြား ရှင်းလင်းနေတဲ့ ကားလမ်းပေါ် အနီရောင်ကားလေးတစ်စီးဟာ အမြန်မောင်းလို့ ရနိုင်ပါလျက်နဲ့ ဖြေးဖြေးချင်း ညိမ့်ညိမ့်လေးသာ မောင်းနှင်နေလေသည် ...မောင်းနေတဲ့ကောင်လေးက ဘေးက မူးပြီးအိပ်ပျော်နေတဲ့ သူငယ်ချင်းဖြစ်သူကို လှည့်ကြည့်လျက် သက်ပြင်းတွေ ဆက်တိုက်ချမိနေသည် ...
တစ်ချက်တစ်ချက် 'ကိုကို ' လို့ ထထယောင်တဲ့ သူငယ်ချင်းဟာ သူ့နှလုံးသားကို ဓားနဲ့ မွှန်းနေသလိုပင် ..
သူငယ်ချင်း ... ဟင့်အင်း ... သူ့အတွက်တော့ သူ တစ်သက်လုံး တမြတ်တနိုး ချစ်သွားမယ့် ချစ်ရသူပဲ....
ကားပါကင်မှာ ကားကို အသေချာရပ်လိုက်ပြီး အိပ်ပျော်နေတဲ့ ကောင်လေးဘက်ကို လှည့်ကာ တစ်ဝကြီး ကြည့်နေမိသည် ..
"ရစ်ခီ ~~"
"---------"
"ရစ်ခီ ထတော့ အိမ်ရောက်ပြီလေ"
"----------"
လုံးဝနိုးဟန်မရှိတဲ့ ရစ်ခီ ရဲ့ မျက်နှာလေးကို ဖွဖွလေးထိတွေ့မိတော့မှ ရစ်ခီက အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာလေရဲ့ ...
ထိတွေ့နေမိတဲ့ လက်ကို ချက်ချင်း ရုတ်လိုက်ရင်း ခုမှ ကားရပ်တဲ့ ပုံစံ ဟန်ဆောင်လိုက်တော့ ရစ်ခီနိုးလာကာ မျက်လုံးကို လက်နဲ့ ပွတ်ရင်း ပြောလာသည် ..
"အာ ... အိမ်တောင် ပြန်ရောက်ပြီပဲ"
"အင်း ငါမင်းကို ခုပဲ နှိုးတော့မလို့"
"အားနာပါတယ်နော် ဂယူဘင်း ... ငါ့ကြောင့်နဲ့ ညဘက်ကြီး ထွက်လာရပြန်ပြီ"
"ငါတို့ကြားမှာ အားနာစရာရှိလို့လားကွာ"
"ဒါပေမယ့်လဲ .... ငါက တစ်ခုခုဆို အမြဲဂယူဘင်းကိုပဲ အားကိုးနေမိလို့ အားလဲနာသလို ကျေးဇူးလဲတင်ပါတယ်"
"ဟုတ်ပါပြီ .. အရင်ဆုံး ကားပေါ်က ဆင်းကြတာပေါ့ ..."
"ဂယူဘင်း"
YOU ARE READING
ZB1 One shot collection
Fanfictionကိုယ့်ရဲ့ ZeroBaseOne ship တွေကို One Shot Collection လုပ်ပြီးရေးသွားမှာပါ