Rain (WoongHao)

666 77 3
                                    

"ဟင်း ... ဒီနေ့လဲ မိုးတွေရွာပြန်ပြီပဲ"

အချိန်အခါမဟုတ် မိုးတွေရွာနေတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိလေပြီ .. မနေ့က ရာသီဥတု ကြေညာချက်ကို မကြည့်လိုက်ဘူး ထင်ရတဲ့ လူတစ်စုဟာတော့ ဟိုပြေးဒီပြေးနဲ့ မိုးဝင်ခိုနေကြလေရဲ့ ...

ဂျီအွန်း မှန်ပေါ်ကနေ စီးကျနေတဲ့ မိုးစက်တွေကို လက်ပိုက်ကာ ကြည့်နေမိသည် ..

"မင်္ဂလာပါ..."

Cafe တံခါးကို ဖွင့်ကာ ပြေးဝင်လာရင်း အခုမှ မောပန်းနေတဲ့ ဧည့်သည်လေးကို ကြည့်ရင်း ဂျီအွန်း ပြုံးပြလိုက်သည် ..

"မနေ့ညက မိုးလေဝသသတင်း မကြည့်လိုက်ဘူးထင်ပါရဲ့ ဧည့်သည်လေး"

"ဟုတ်ပါ့ဗျာ .. မနေ့က ရုံးကလူတွေ အတင်းခေါ်လို့ အပြင်ရောက်သွားပြီး ညကျ အတော် မူးသွားလို့လေ .. မူးနေတော့ သတင်းလဲ မကြည့်လိုက်ရဘူးပေါ့ဗျာ ... အခုတောင် ထချင်တာမဟုတ်ဘူး .. အတင်းထလာရတော့ အာရုံတွေ‌ေနာက်ပြီးထီးယူဖို့ မေ့သွားတော့တာ"

"ဟားဟား ဒါဆို ဒီနေ့တော့ အမူးပြေအောင် Honey Lemon တစ်ခွက်ဖျော်ပေးမယ် ...ထိုင်ပါဦး"

"မနက်ကလဲ နေသာနေတော့ မိုးရွာမယ် ဘယ်သူက ထင်မှာလဲလေနော် ... ဟတ်ချိုး"

နှာလေးတောင်စေးနေပြီ ... မဖြစ်ချေတော့ .. ဂျီအွန်း အနောက်ဘက် ဝင်သွားကာ ခေါင်းသုတ်ရန် သဘက်တစ်ထည်ယူလာပြီး ပေးလိုကိသည် ..

"ဒါ လျှော်ပြီးသား အသစ်ပါဗျ .. ခေါင်းသုတ်လိုက်ပါဦး"

"အာ .. ကျေးဇူးပါဗျာ"

ဧည့်သည်လေးက ပြုံးပြရင်း သဘက်ကို လှမ်းယူကာ ခေါင်းကို ယူသုတ်နေလေရဲ့ ..

"ဟူး ... ရှိုးတော့ပျက်ပါပြီ အကိုရေ .. ဒီနေ့ Meeting လုပ်ရမှာကို"

"မဟုတ်တာ ဘယ်လိုနေနေ ဧည့်သည်လေးက ကြည့်ကောင်းနေတာကို"

"ဧည့်သည်လေးလို့ခေါ်ရတာ မမောပန်းဘူးလား အကိုရယ် ... အိုး .. အဲ့ဒါနဲ့မှ ကျွန်တော်တို့ သိတာကြာပြီ နာမည်အခုထိ မသိကြသေးဘူးပဲ .. အတော်ပဲ အခုပဲ မိတ်ဆက်လိုက်တာပေါ့ .. ကျွန်တော်က ကျန်းဟာအိုပါ .. ဟာအို"

ZB1 One shot collection Where stories live. Discover now