မေလရဲ့ နွေအလင်းရောင်ဟာ ထူးထူးဆန်းဆန်း မပြင်းထန်ပဲ အအေးဓာတ်လေး ရောဝင်နေသည် ..
ဒီလိုအချိန်ဟာ တောင်ပေါ်လမ်းကို လမ်းလျှောက်တက်ပြီး ရှုခင်းတစ်လျှောက် ဓာတ်ပုံရိုက်ရင် အလှဆုံးအချိန်မဟုတ်ပါလား?
တနင်္ဂနွေနေ့မို့ မိသားစုတွေ / သူငယ်ချင်းအုပ်စုတွေ ဟိုတစ်စု ဒီတစ်စု တွေ့နေရသည် ... ရယ်မောကာ ပြေးဆော့နေတဲ့ ကလေးလေးတွေလဲ ရှိလေရဲ့ ...
Ricky ယူလာသော Camera မှာ ထို Moment လေးတွေကို အမှတ်တရအဖြစ် တဖြတ်ဖြတ် လိုက်ရိုက်နေမိသည် ... ပျော်ရွှင်နေတဲ့ ထိုအပြုံးတွေက အသက်ဝင်လွန်းသည်လေ ...
ထိုသို့ လိုက်ရိုက်နေရင်းကနေ တစ်နေရာရောက်တော့ Ricky ကိုင်ထားတဲ့ Camera ကို Zoom ဆွဲကြည့်လိုက်သည် ..
လူတစ်ယောက် နှင့် သူနဲ့အတူ အဖော်အဖြစ်ရှိနေသော ဂစ်တာတစ်လုံး .. ထို့နောက် အရှေ့မှာ ကိုယ်စီကိုယ်စီ ထိုင်ကြည့်နေတဲ့ အတွဲလေးတွေလဲရှိသလို ကလေးလေးတွေလဲ ရှိလေရဲ့ ...
ထိုလူဟာ ဂစ်တာတီး သီချင်းဆိုနေပေမယ့် သီချင်းဆိုနေရင်း ပြုံးနေတဲ့ အပြုံးဟာ အရမ်းလှလွန်းလို့ ပုံ ၅ပုံ ၆ပုံ လောက်ကို ဆင့်ရိုက်ပစ်လိုက်သည် ..
ထို့နောက် Camera ကို လက်က ချလိုက်ရင်း ထိုင်ကြည့်နေတဲ့ လူတွေထဲ သူပါ ဝင်ရောထိုင်ကာ ဝင်နားထောင်မိသည် ...
"we keep this love in a photograph
We made these memories for ourselves
Where our eyes are never closing
Hearts were never broken
And time's forever frozen, still"Ed Sheeran ရဲ့ Photograph ကို အသံအေးအေးလေးနဲ့ဆိုနေတဲ့ ထိုကောင်လေးရဲ့နောက်မှာ Ricky တိုးတိုးလေး လိုက်ဆိုမိသည်..
"So you can keep me
Inside the pocket of your ripped jeans
Holding me closer 'til our eyes meet
You won't ever be alone , wait for me to come home"သီချင်းဆိုပြီးတဲ့အချိန် အသီးသီး နေရာမှ ထသွားတော့ Ricky ဘက်က အရင် ထိုကောင်လေးဆီသွားပြီး မိတ်ဆက်ခဲ့သည် ...
YOU ARE READING
ZB1 One shot collection
Fanfictionကိုယ့်ရဲ့ ZeroBaseOne ship တွေကို One Shot Collection လုပ်ပြီးရေးသွားမှာပါ