အိုလီ ကုတင်ပေါ်လှဲရင်း သီချင်းညည်းနေစဉ်မှာပဲ အခန်းတံခါးကို ဝုန်းခနဲဖွင့်ကာ စိတ်ကောက်နေသည့်မျက်နှာဖြင့် ဝင်လာသော ယူဂျင်းကို မြင်လိုက်ရတာကြောင့် ချက်ချင်းထထိုင်မိလိုက်သည်။
"ဘာဖြစ်လာတာလဲ"
"ရော့ မင်းစားဖို့ brownieကြိုက်တယ်မလား"
ယူဂျင်းက ခပ်တည်တည်နှင့် မုန့်ထုပ်တွေပစ်ပေးလာတာကြောင့် အထူးအဆန်းပါလားဟုတွေးကာ ဝမ်းသာအားရ လှမ်းယူပြီး ဖောက်စားနေလိုက်သည်။
"ဘာလဲ ဆိုင်ရှင်အကိုကြီးပေးလိုက်တာလား?"
"သူ့အကြောင်းမပြောနဲ့ စိတ်ကောက်နေတယ်"
"ဟားဟား မင်းနဲ့သူက ဘာဆိုင်လို့ စိတ်ကောက်နေတာလဲ ဟန်ယူဂျင်းရဲ့"
"မင်းပါးစပ်ကြီးကို ပိတ်ထားစမ်းပါ"
သူငယ်ချင်းနှစ်ယောက် လုံးထွေးသတ်ပုတ်နေတုန်းမှာပဲ ယူဂျင်းဖုန်းထဲသို့ စာဝင်လာတာကြောင့် အာရုံက ဖုန်းဆီရောက်သွားရသည်။
•ဘာလုပ်?
ဟိုတစ်နေ့က ဖုန်းသရဲပဲဖြစ်နေပြန်တာကြောင့် ယူဂျင်း ဒေါသထောင်းခနဲဖြစ်သွားရပြန်သည်။ စိတ်မကြည်တာကို ပိုနောက်အောင် လာလုပ်နေပြန်ပြီလေ။
•ဘာလုပ်လုပ် အဲ့ဒီ့ဘက်က အပူပါလားဗျ!
•စွာလိုက်တာကွာ ဒီတိုင်းလေး မေးတာကို
•မမေးနဲ့ အားယားမနေဘူး၊ နောက်စာလာပို့ရင် အမေနဲ့လည်းတိုင်မယ် ရဲနဲ့လည်းတိုင်မယ်
"စာတွေထပ်ပို့ပြန်ပြီလား?"
အိုလီ့အမေးကို ယူဂျင်းခေါင်းငြိမ့်ပြရင်းသာ ပြန်ဖြေလိုက်သည်။ လူက အကိုဂယူ့မှာ ရည်းစားရှိရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နှင့် တွေးရတာပင် ရူးချင်ချင်ဖြစ်နေတာကို။
"Blockထားလိုက်ပါလား ထပ်မပို့တော့အောင်"
"အင်း"
တကယ်တော့ အနည်းငယ် အပျင်းပြေတာပဲလေဆိုသော စိတ်နှင့် မblockတာဖြစ်သည်။ ဘယ်သူပို့နေတာလဲမသိရရရင်တောင် စာတွေရနေတာ စိတ်လှုပ်ရှားစရာတော့ ကောင်းတယ်မလား။
![](https://img.wattpad.com/cover/339497671-288-k461574.jpg)