"ဟယ်လို"
"...."
"ဟိတ်လူ ဖုန်းခေါ်ပြီးရင် နည်းနည်းပါးပါးတော့ပြောမှပေါ့"
ယူဂျင်း စိတ်ပေါက်ပေါက်နှင့် ပိတ်အော်လိုက်တော့မှ တစ်ဖက်က အသံခပ်တိုးတိုးထွက်လာသည်လေ။ ဩရှရှနှင့် တိုးတိုးလေးဆိုတော့ တစ်မျိုးနားထောင်လို့တော့ အကောင်းသား။
"ကိုယ်နားထောင်နေတယ် ရင်ဖွင့်လို့ရပြီ"
ကိုယ်ဟူသောနာမ်စားသုံးတာတောင် ဆင်တူဖြစ်နေတာကြောင့် နှစ်ခါပြန်ကြေကွဲသွားရသလိုပင်။ ယူဂျင်း သက်ပြင်းဖွဖွချလိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောလိုက်တော့ တစ်ဖက်လူက တိုးဖွဖွရယ်သည်။
"မင်းက လိုရာတွေဆွဲတွေးနေတာပဲ၊ သူ့ရည်းစားဟုတ်မဟုတ်တောင် မသေချာဘဲနဲ့များ အသည်းကွဲဖို့တန်လို့လား?"
"အဲ့ဒါလည်းဟုတ်တာပဲနော်"
"အင်း သေချာတွေးကြည့်ပေါ့ စိတ်ထဲမတင်မကျဖြစ်နေရင် ပေါ်တင်မေးပြီး အခွင့်ကြုံရင် ဖွင့်ပြောလိုက်တာအကောင်းဆုံးပဲ"
"ကျွန်တော်က အသက်ငယ်သေးတယ်ဗျ!"
"ဟားဟား ဟုတ်ပါပြီ မင်းက ချစ်စရာလေးပဲ"
"မကြားဘူးလို့ပဲမှတ်လိုက်မယ်နော် ဖုန်းချပါပြီ တာ့တာ နားထောင်ပေးတဲ့အတွက် ကျေးဇူးပါဗျ"
တီ တီ**
"ဒီချာတိတ်က တကယ်ကို ချစ်စရာကောင်းတာပဲ"
တစ်ဖက်မှာလည်း ဖုန်းချပြီး အသည်းကွဲနေတဲ့ ယူဂျင်းကို အသည်းယားနေသည့် လူတစ်ယောက်လည်း ရှိနေခဲ့သည်။
"ဘာလို့ အကိုဂယူ့အသံနဲ့တောင် ဆင်နေလဲမသိဘူး?"
ယူဂျင်းလည်း အတွေးများစွာနှင့်သာ အိပ်ပျော်သွားတော့သည်။ အိပ်မက်ထဲမှာတော့ သူရယ် ပါးချိုင့်ပါတဲ့အကိုကြီးရယ် အကိုဂယူ့ကိုလုရင်း ရန်ဖြစ်နေကြတာတဲ့လေ။
~
"ဒီနေ့လည်း စာတွေအများကြီးပဲ မလုပ်ချင်တော့ဘူး"
ကျောင်းကအပြန်လမ်းမှာ ငြီးငြူနေတဲ့ ယူဂျင်းတစ်ယောက်ကို မလှမ်းမကမ်းကနေ ဂယူဘင်းက ချောင်းကြည့်နေလေသည်။ မြေကြီးကိုပဲကြည့်ပြီး လမ်းလျှောက်နေသည့် ယူဂျင်းကတော့ သူ့ကိုမမြင်ရှာ။
![](https://img.wattpad.com/cover/339497671-288-k461574.jpg)