•010-***** White Tulips cafe ဒီနေ့ ညနေ၅နာရီ
ဂယူဘင်း ဖုန်းထဲဝင်လာသော စာကိုဖတ်ပြီး နဖူးကို လက်နှင့် ဖတ်ခနဲမြည်အောင်သာ ခပ်နာနာရိုက်မိလိုက်သည်။ ယူဂျင်းက သူ့ဆိုင်မှာ တွေ့ဖို့မချိန်းပါစေနဲ့ဟု တစ်ညလုံး ဆုတောင်းထားတာ တစ်စက်မှမပြည့်။ ဘယ်လိုမျက်နှာကြီးနဲ့ သွားတွေ့ရမလဲဟု တွေးနေတုန်း သူ့အကိုထယ်ရယ်က စပ်ဖြီးဖြီးမျက်နှာနှင့် ဘေးနားရောက်ချလာသည်။
"အခြေအနေ?"
"အကုန်ရှုပ်ကုန်ပြီ အဲ့ဒါ အကို့ကြောင့်"
ဂယူဘင်း စိတ်ရှုပ်ရှုပ်နှင့် ပိတ်ဟောက်လိုက်တော့ ထယ်ရယ်က ဟန်ဘင်းနဲ့တိုင်မယ်ဟုအော်ပြောပြီး ခြေဆောင့်ကာ ထွက်သွားတော့သည်။
နေဦး သူ့မချော့နိုင်သေးဘူး၊ ကိုယ့်ပြဿနာက ဒါထက်ပိုကြီးနေသည်လေ။
မျက်နှာပြောင်တိုက်ပြီးပဲ ဖုန်းသရဲက ဂယူဘင်းပါဟု ပြောလိုက်ရမလား? ချိန်းထားတာပဲ ဖျက်လိုက်ရမလား?ဆိုသော အတွေးများနှင့် ခဏအတွင်းမှာ ဂယူဘင်း မျက်နှာဟာ ဇီးရွက်ဖြစ်ပြီး ဆယ်နှစ်လောက် အိုစာသွားသလိုပင်။
မတတ်နိုင်ဘူး၊ ယူဂျင်း ဆွဲထိုးသွားလည်း ပျော်ပျော်ကြီး ခံလိုက်မည်ဟုတွေးကာ ညနေကျ သူ့ဆိုင်သူသွားရန် ဆုံးဖြတ်လိုက်တော့သည်။
~
တစ်ဖက်မှာလည်း ယူဂျင်းက စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ဘာလို့ဆို ဖုန်းသရဲရဲ့အသံက အကိုဂယူ့အသံနှင့် တူနေတာမို့။ အကယ်၍ ထိုဖုန်းသရဲက ရုပ်ချောရင် အကိုဂယူ့ကို ပစ်ပြီး ထိုဖုန်းသရဲကိုပဲကြိုက်လိုက်တော့မယ်ဟူသော ဆန္ဒလေးတစ်ခုသာ ယူဂျင်းမှာရှိနေသည်။
"မင်းတစ်ယောက်ထဲသွားလို့ဖြစ်ရဲ့လား"
ရေမွှေးတွေဆွတ်ပြီး လှတပတဝတ်စားနေသော ယူဂျင်းကို အနောက်မှာထိုင်ကြည့်နေသည့် အိုလီက လှမ်းမေးတာကြောင့် ခေါင်းခါပြလိုက်သည်။
"အခုပဲပြောမလို့ တော်ကြာ ငါ့ရောင်းစားသွားရင် ဘယ်လိုလုပ်မလဲဆိုပြီး၊ မင်းပါလိုက်ခဲ့ကွာ ပြီးရင် ဆိုင်မှာထိုင်စောင့်နေ ငါအအေးဝယ်တိုက်မယ်"