Unicode
" ကိုကို ငယ့်ကိုလွှတ်! မလိုက်ဘူး လွှတ် ကိုကိုမယုတ်မာနဲ့
ငယ့်ကိုလွှတ်ပေး! ""မလွှတ်ဘူး မင်းငါနဲ့ လိုက်ခဲ့ရမယ် မင်းနဲ့ငါ
စာရင်းရှင်းစရာရှိတယ် "" ကိုရှည်ကြီး မြန်နိုင်သမျှ အမြန်ဆုံးသာမောင်းဗျာ "
ငယ် ကိုကို့လက်ကအတင်းရုန်းမိပေမယ့် ကိုကိုကတော့ ငယ့်ကိုအတင်းချုပ်ကာ သူညွှန်ကြားရာဆီသို့ ကားလေးကအရှိုန်ဖြင့်ရွေ့လျားနေသည်။
" ကိုကို ငယ်အိမ်ပြန်ချင်တယ် ငယ့်ကိုအိမ်ပြန်ပို့ပေးပါနော် "
" မင်း ပါးစပ်ကိုပိတ်ထား ငယ်မဟုတ်ရင် ငါကိုယ်တိုင်ပိတ်ပေးရလိမ့်မယ် "
ကိုကို သိပ်ကိုဒေါသကြီးနေပါသည်...ဘာလို့မှန်း သူမသေချာ
မသိပေမယ့် ဒီရက်ပိုင်းထဲမှာသူမအပေါ်ကိုစိမ်းကား
နေခဲ့သလို တခြားလူတစ်ယောက်အဖြစ်ကိုလည်း ကူးပြောင်းသွားသလိုခံစားရတယ်။ဒါတွေက သူမပြောခဲ့မိတဲ့ စကားကြောင့်ဖြစ်သွားခဲ့တာလား။
ဒီကိစ္စမှာ ဘယ်သူ့ကိုအပြစ်တင်ဝေဖန်ရမှန်း မသိပေမယ့်
ကိုကိုနဲ့ ငယ်က တဖအေထဲက စီးဆင်းလာတဲ့ မောင်နှမတွေတဲ့လေ။သွေးသားရင်းဖြစ်တဲ့ အကိုဖြစ်သူကို ချစ်သူတော်ထားရတဲ့
အဖြစ်ဟာ အင်မတန်ကိုမှရှက်စရာဖြစ်ခဲ့မိတယ်။ကိုကိုကတော့ မသိရှာပေမယ့် ထိုအကြောင်းတွေကို အလုံးစုံသိသွားခဲ့ရတဲ့သူမအတွက်တော့ အကိုတစ်ယောက်ကို ချစ်သူအဖြစ် ဆက်တွဲဖို့က လုံးဝမဖြစ်နိုင်တဲ့အရာပါ။
သူမနှလုံးသားတစ်ခုလုံးလည်း ရစရာမရှိအောင် ပျက်ရှခဲ့ပြီလေ။
ဒါကြောင့် လမ်းခွဲစကားပြောခဲ့မိတယ်။
ကိုကို့ဘက်ကလည်း ငြင်းဆန်ခြင်း လက်ခံခြင်းမပြဘဲ ငြိမ်နေတယ်လေ။အရာအားလုံးကိုလဲ လွယ်လွယ်လေးနဲ့ပြီးဆုံးသွားပြီလို့ ထင်ခဲ့မိတာ။
တနေ့မှာ ကိုကို့ဘက်က စာတစ်စောင်ပို့လာတယ်။
နောက်ဆုံးအနေနဲ့ ခွဲခွာခြင်းအနေနဲ့ တစ်နေရာရာမှာ
စကားပြောပြီးဆုံချင်တယ်တဲ့လေ။
YOU ARE READING
အမုန်းတို့ဖြင့်....ထုဆစ်ထားသော (OC) Paid
Romance(both Unicode + Zawgyi) ဟုတ်တယ် ကျုပ်က ခဗျားတို့ပြောပြောနေတဲ့ အိမ်ဖော်မရဲ့သားပဲ...။ အဟက်! မင်းအတွက်တော့စိတ်မကောင်းပါဘူး.. မင်းရဲ့တစ်မိသားစုလုံး ကျုပ်ခြေဖဝါးအောက်ရောက်ဖို့ မင်းကို စတေးရလိမ့်မယ်...။ တိုက်စစ်မှူး + သဲနုငယ် ဟုတ်တယ် ကျုပ်က ခဗျားတို့ပြေ...