အခန်း (၆)

803 32 1
                                    

" အား ကျွတ် ကျွတ် အမလေး !"

တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေ၍ လူကလှုပ်မရအောင်နုံးချိသွားကာ ဗိုက်ထဲမှလည်း တရစ်ရစ်ဖြင့် အောင့်နေပါသေးသည်။

ညနေ ၆ နာရီခွဲအချိန်မှ နားခွင့်ရကာ ထိုအိမ်ကြီးထဲတွင်မဟုတ်ဘဲယခင်ပျဥ်အိမ်ကလေးဆီသာ နေခွင့်ပေးခဲ့သည်။

ခြေလှမ်းတို့ ချနင်းလိုက်သည်နှင့် ခြေဖဝါးတွင်ဖုန်မှုန့်တို့ကပ်ပါလာသည်ဖြစ်လို့ စိတ်မသန့်ကာ တံမြက်စည်းအားရှာနေမိပါသည်။

" ဟပ် ဟပ်ချေး! "

တချက်တချက် နှာပါချေးသေးသည်။

" သမီး ကလေးမလေး "

" ဟင် ကြီးကြီး ဒီကို ဘယ်လို..."

သူမ ရှိရာအိမ်ကလေးဆီသို့ ဦးတည်ရောက်ချလာသည့် အိမ်ထိန်းအဒေါ်ကြီးအား တအံ့တသြကြည့်ကာ ရေရွတ်လိုက်သည်။

" သမီး ဒီမှာနေရတာအဆင်ပြေရဲ့လား "

" ဟုတ် ပြေပါတယ် ကြီးကြီး "

ဒါကတော့ သူမကိုယ်သူမရော အဒေါ်ကြီးကိုပါ
လိမ်၍ပြောလိုက်ခြင်းဖြစ်၏။

" ဒီမှာဒေါ်ကြီးသမီးလိုမယ်ထင်တဲ့ဟာလေးတွေ ယူလာတယ် "

" ဟင် ဟုတ်ကဲ့ ကြီးကြီး ကျေးဇူးများကြီးတင်ပါတယ်နော်..ငယ်လဲအခုပဲသန့်ရှင်းရေးလုပ်ဖို့ပြင်နေတာ အတော်ပဲဖြစ်သွားတာပေါ့ "

အဒေါ်ကြီးသည် သူမအတွက် အိပ်ယာခင်း ၊ ခြုံစောင် ၊ သဘတ် ၊တံမြက်စည်း ၊ ရေခွက် ၊ သွားတိုက်တံ ၊ စသည့် အသေးအမွှားပစ္စည်းများကအစ လက်တပွေ့တပိုက်တွင်
ထည့်ကာပေးပါ၏။

" ဒါနဲ့လေ ကြီးကြီး "

" ရေက ဘယ်နားမှာချိုးရမှာလဲဟင် ငယ် မတွေ့မိလို့ "

သူမအမေးကြောင့် အဒေါ်ကြီးမှ အနည်းငယ်
စဥ်းစားဟန်ပြု၍...

" ဒီနေရာနဲ့ မလှမ်းမကမ်းမှာ ရေတွင်းနဲ့ရေချိုးတဲ့နေရာလေးလုပ်ထားတယ် သမီး ဒေါ်ကြီးတို့အလုပ်သမားတွေအကုန်လုံးအဲ့မှာပဲ လျှော် ချိုး လုပ်ကြတယ် "

" သြော် ဟုတ်ကဲ့ ကြီးကြီး "

" အေးပါကွယ် ဒါဆို ဒေါ်ကြီးသွားမယ်နော် တစ်ခုခုအဆင်မပြေတာ လိုအပ်တာရှိရင်ပြောနော် "

အမုန်းတို့ဖြင့်....ထုဆစ်ထားသော (OC) PaidWhere stories live. Discover now