" သား...သားညီမလေးရဲ့အခြေအနေ
ဘာထူးလဲဟင် ပြန်ပေးသမားတွေနဲ့ ညှိလို့ရလား
သူတို့က ဘယ်လောက်လိုချင်တာတဲ့လဲ
သမီးလေး ဘေးရောကင်းရဲ့လားကွယ် "မိုးထက်မြတ်သည် မိခင်ဖြစ်သူ ဒေါ်ဒေစီအောင်၏ စိုးရိမ်မေးခွန်းများအား ပြန်မဖြေနိုင်တော့ဘဲ ငေးစိုက်စိုက်ဖြင့်သာ အံကိုကြိတ်ထားလေသည်။
သူ့ရှေ့၌ ညီမဖြစ်သူအား ကြိမ်ဖန်ပေါင်းများစွာကိုယ်ထိလက်ရောက် ကျူးလွန်နေသည့် ပုံရိပ်တို့ကထပ်တလဲလဲဝင်ရောက်လာကာ အလွန်တရာမှမုန်းတီးလှပါသော တိုက်စစ်မှူးဟူသည့် ထိုလူထံမှာမှ လက်နက်ချအရှုံးပေးရသည့် အဖြစ်ကြောင့် ယူကြုံးမရကာ လူသတ်ချင်စိတ်တို့ ဖြစ်ပေါ်နေပါသည်။
မိုးထက်မြတ်၏စိတ်ခံစားချက်နှင့် အမူအယာတို့ကို ရိပ်မိသူမိုးမြတ်မြင့်မှာတော့ သက်ပြင်းအခါခါချကာ မိုးထက်မြတ်၏ပခုံးအားနှစ်သိမ့်ဟန်ဖြင့် ပုတ်လိုက်ပါသည်။
" ဘာလို့ မေမေမေးတာကို တစ်ယောက်မှမဖြေကြတာလဲ ဒီအမေကို အကျိုးကြောင်းလေးပြောပြကြပါအုံး သားတို့ရယ်မေ့သမီးလေး ဘာတွေဘယ်လိုဖြစ်နေပြီလဲ ကောင်းကောင်းမှ
စားရရဲ့လား အသက်အန္တာရာယ်မှကင်းရဲ့လား အဟင့်အမေရင်ကျိုးပါပြီသမီးလေးရယ် "မိခင်ဖြစ်သူမှ ယူကြုံးမရစွာဖြင့်ရင်ဘတ်စည်တီး
ကာ အော်အော်ငိုငိုလုပ်နေခြင်းကြောင့် မိုးထက်
မြင့်နှင့် မိုးထက်မြတ်တို့ ညီအကိုနှစ်ဦး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ မျက်နှာပျက်နေကြလေသည်။" မေမေ ညီမလေးက ဒီအနီးဝန်းကျင်မှာပဲရှိပါတယ် "
" သား သားဘာပြောလိုက်တယ် သမီးလေးက ဒီအနီးဝန်းကျင်မှာပဲရှိနေတယ် ဟုတ်လား "
"ဘယ်မှာလဲ သမီးကအခုဘယ်မှာလဲ "
" ဒါပေမဲ့ ညီမလေး ပျောက်သွားရတဲ့အဓိကအကြောင်းရင်းကတိုက်စစ်မှူးဆိုတဲ့ အစေခံမရဲ့ သားကြောင့်ပဲ မေမေ "
" ဟုတ်တယ် ကျွန်တော်တို့ကို မကျေနပ်လို့ ညီမလေးကိုအခုလိုလုပ်သွားတာ "
မိုးထက်မြင့်သည် မိုးထက်မြတ်၏စကားအားထောက်ခံကာ ထိုသို့ထပြောလိုက်ပြန်သည်။
YOU ARE READING
အမုန်းတို့ဖြင့်....ထုဆစ်ထားသော (OC) Paid
Romance(both Unicode + Zawgyi) ဟုတ်တယ် ကျုပ်က ခဗျားတို့ပြောပြောနေတဲ့ အိမ်ဖော်မရဲ့သားပဲ...။ အဟက်! မင်းအတွက်တော့စိတ်မကောင်းပါဘူး.. မင်းရဲ့တစ်မိသားစုလုံး ကျုပ်ခြေဖဝါးအောက်ရောက်ဖို့ မင်းကို စတေးရလိမ့်မယ်...။ တိုက်စစ်မှူး + သဲနုငယ် ဟုတ်တယ် ကျုပ်က ခဗျားတို့ပြေ...