ဝုန်းး ဂလုန်းး! !
ညကြီးအချိန်မတော် ထစ်ခြုန်းသံအထပ်ထပ်ဖြင့် ကြောက်စရာကောင်းအောင် အသံပေးကာ ခဏအကြာမှာတော့ တဝေါဝေါဖြင့် မိုးများရွာချလေသည်။
ဝုန်းး ဝေါ! !
ထိုစဥ် အိမ်လေးထဲရှိ အခန်းကျဥ်းကျဥ်းလေးထဲတွင် ထောင့်ကပ်ကာအိပ်မောကျနေသော သဲနုငယ်၏ မျက်နှာပေါ်သို့ မိုးရေများတပေါက်ပေါက်ကျလာလေသည်။
" အင် ဟင်! "
ပါးပေါ်မှ အေးစက်သည့် အထိအတွေ့ကြောင့် သူမဆတ်ခနဲနိုးလာရကာ မိုးရွာသွန်းရှိုန်ကြောင့် လေထုတို့က အေးစက်နေပါသည်။
သူမအိပ်ရသည့် အခန်း၏အမိုးတို့မှာ မလုံမလဲဖြစ်နေသောကြောင့်မိုးရေတို့က ဟိုတစ်ပေါက် ဒီတစ်ပေါက်ဖြင့် ရေများရွှဲရွှဲစိုလာသည်။
ထို့ကြောင့် အိပ်ချင်မူးတူးဖြင့်ပင် ထလိုက်ကာ အမိုးမှအပေါက်တို့ကိုဖာထေးရန် တစ်စုံတစ်ခုအား လိုက်ရှာမိပါသည်။
သူမခန္ဓာကိုယ်တစ်ခုလုံးလည်း ဖုန်အညစ်အကြေးများပေနေလျက်။
ဝေါ.ဝေါ! !!
ဂျိမ်း! !!
" အမလေး "
ရုတ်တရက်ဆိုသလို ဂျိမ်းခနဲဟူသော မိုးကြိုးပစ်သံကြီးကြောင့်သူမနားနှစ်ဖက်အားပိတ်ကာ ထိုင်ချလိုက်မိပါသည်။
ဂလုန်း ဝေါ! !
ကောင်းကင်မှအရာမျိုးစုံတို့က သူမသတ္တိအား စမ်းသပ်လေသလားဟုထင်ရလောက်အောင် အသံမျိုးစုံပေးနေပါသည်။
အပေါက်များစွာထဲသို့ ဆင်းသက်ကျလာသည့်
ရေတို့ဟာလည်းသူမတစ်ကိုယ်လုံးကိုစိုရွှဲသွားစေသည်။ထို့ကြောင့် ကြောက်ကြောက်ဖြင့်ပင် အခန်းပြင်သို့ စမ်းတဝါးဝါးထွက်လိုက်ရင်း အမိုးပေါက်တို့ဖာဖို့ရန် ကျလာသည့်ရေများခံဖို့ရန် ခွက်အလွတ်များ ယူလိုက်ပါတော့သည်။
မသုံး၍ပစ်ထားသောကြောင့် ခွက်များသည်ဖုန်များ ပင့်ကူအိမ်များဖြင့်။
တပေါက်ပေါက်ကျသည့် နေရာများတွင် ခွက်များခံကာ အခန်းထောင့်နေရာတွင်ကျုံ့ကျုံ့လေးထိုင်နေမိပါသည်။
YOU ARE READING
အမုန်းတို့ဖြင့်....ထုဆစ်ထားသော (OC) Paid
Romance(both Unicode + Zawgyi) ဟုတ်တယ် ကျုပ်က ခဗျားတို့ပြောပြောနေတဲ့ အိမ်ဖော်မရဲ့သားပဲ...။ အဟက်! မင်းအတွက်တော့စိတ်မကောင်းပါဘူး.. မင်းရဲ့တစ်မိသားစုလုံး ကျုပ်ခြေဖဝါးအောက်ရောက်ဖို့ မင်းကို စတေးရလိမ့်မယ်...။ တိုက်စစ်မှူး + သဲနုငယ် ဟုတ်တယ် ကျုပ်က ခဗျားတို့ပြေ...