အခန်း (၈) Cut

815 17 4
                                    

" သ...သခင်! "

သဲနုငယ်၏ပခုံးနှစ်ဖက်အား ကျစ်ကျစ်ဆုပ်ကိုင်ကာ စိုက်ကြည့်နေသည့်တိုက်စစ်မှူးကြောင့် သူမနေရခက်ကာ သူ့လက်မှရုန်းမိပါသည်။

" လွှတ် လွှတ်ပါ ငယ့်ကိုလွှတ်ပါ သခင် "

" ဘာလို့လဲ ဒီလိုအထိအတွေ့မျိုးတွေနဲ့ မင်းမစိမ်းသက်တော့ပါဘူး ...အခုမှဘာကြောင့်ရုန်းနေတာလဲ သဲနုငယ် "

မထိတထိလေးဖြင့် သူမရဲ့ မိန်းမမာနအား ပုတ်ခတ်လိုက်သော သူ့ကြောင့် အောက်နှုတ်ခမ်းအားဖိကိုက်ကာ မျက်နှာတည့်တည့်ကိုစိုက်ကြည့်လိုက်ရင်း ....

" ဟုတ်တယ် သာယာခဲ့ဖူးတယ် အဲ့အရင်က ငယ်ချစ်ခဲ့တဲ့ ငယ့်ကိုချစ်တဲ့သူဆီကအယုအယတွေမို့ မိန်းမောခဲ့တယ်
ဒါပေမဲ့ အခုတော့ အဲ့လူက‌ေ*သသွားပြီ ငယ့်စိတ်ထဲမှာရော အပြင်မှာပါ‌ေ*သသွားခဲ့ပြီးပြီ "

" အဟက်! ! အကြည့်တွေကသိပ်ကို စူးရှနေတာပါလား သဲနုငယ် "

" လွှတ်ပါ! ငယ့်ကိုလွှတ် အဲ့လိုမလုပ်နဲ့ ငယ်မကြိုက်ဘူး "

သဲနုငယ်သည် အကျီအပေါ်ကြယ်သီးတစ်ဝက်အား ဖြုတ်ချကာခါးပတ်ကြိုးမှာလည်း လျော့ရဲရဲဖြစ်နေသည့် တိုက်စစ်မှ ထိုသို့ပြုမူနေသောကြောင့် သူမနှင့်သူ၏ အတွင်းဗီဒီယိုဖိုင် အဖြစ်အပျက်အား ပြန်လည်သတိရကာ မျက်ရည်များဝဲလာရင်း ရုန်းနေမိပြန်၏။

ရုန်းနေပေမယ့် အားတို့မပါမှန်းသိသာနေပါသည်။

" အိုကေလေ "

" ကိုယ်ရေချိုးမယ် ...မင်းကူပေးနိုင်မလား "

" ဟင်အင်း ဟင်အင်း ငယ်မကူညီနိုင်ဘူး "

တိုက်စစ်သည် သူမအားအလွတ်ပေးကာ သူ့ကိုယ်သူငုံ့ကြည့်၍ အမူအယာတို့ဖြင့် ခိုင်းလေသောကြောင့် ကြောင့် နှုတ်ခမ်းတို့ကိုဖိကိုင်ထားမိ၏။

သူမအား အရေးတကြီးတွေ့ချင်သည်ဟူသည့် အကြောင်းအရာမှာတခြားမဟုတ်ဘဲ သူရေချိုးရန်ကူပေးရမည်ဟု သိလိုက်ရသောကြောင့် ငြင်းဆန်ခြင်းကပိုပြီးသေချာသွားရသည်။

" ဟိတ် ကိုယ်ပြောတာကြားလား "

မျက်နှာကိုတစ်ဖက်လှည့်၍ မလုပ်နိုင်ကြောင်းသေချာနေသည့်ပုံစံဖြစ်နေသော သဲနုငယ်ကြောင့် သူသဘောကျကာ ပြုံးချင်ပေမယ့် လက်တွေ့မှာတော့ ဟန်လုပ်ကာဟောက်လိုက်ပါသည်။

အမုန်းတို့ဖြင့်....ထုဆစ်ထားသော (OC) PaidWhere stories live. Discover now