-2-

636 88 2
                                    

Disclaimer - ညနေက တင်လိုက်တဲ့အပိုင်းကို မှားဖျက်လိုက်မိပြီး back up file ကလည်း မရှိတာမို့ အသစ်ပြန်ရေးပြီး တင်လိုက်ရတာပါ 😿🙏🏽 တချို့နေရာ အရေးအသားတွေကလွဲရင် အကုန်နီးပါး အတူတူပါပဲ ~

အင်တာဗျူး ခန်းမထဲက ထွက်လာသည်အထိ ရစ်ခီ့ရင်ခုန်သံတွေက မပျောက်သေး ။ အင်တာဗျူးဖြေရတာက ရစ်ခီ့နှလုံးသား ကျန်းမာရေးအတွက် ထွေထွေထူးထူးသက်ရောက်မှု မရှိသော်လည်း သူ့လက်ကို ဆွဲပြီး ပြေးလာခဲ့သည့် နေရောင်ခြည်လေးကတော့ သက်ရောက်မှု ကြီးကြီးမားမားရှိသည်ပင် ။
ရစ်ခီက သူ့နာမည်လေးကို သိရဖို့ အချိန်တစ်ရက်နီးပါး ယူလိုက်ရသော်လည်း အနှီနေရောင်ခြည်လေးကတော့ လေးထောင့်ဆန်ဆန် မျက်မှန်လေး တစ်ချက် အဝေ့မှာ သူ့နာမည်ရော မေဂျာပါ သိသွားခဲ့သည်တဲ့ ။

တကယ့် အတတ်ကလေးပါလား ဂင်မ်ထယ်ရယ် 

" Yahh !! ဂင်မ်ထယ်ရယ် "

" စောင့်ပါဦးလို့ ပြောထားတာကို ဘာလို့ အရင်ထွက်သွားလဲ "

အတွေးထဲ တစ်ချိန်လုံးနေရာယူထားတဲ့ နာမည်လေးကို ကြားလိုက်ရသဖြင့် ဘေးဘီကို ကြည့်လိုက်မိတော့ သူငယ်ချင်းဖြစ်သူက ပခုံးပြေးဖက်တာကို ခံလိုက်ရသည့် ဂင်မ်ထယ်ရယ် ။ ထိုမြင်ကွင်းကို ကြည့်နေရသူ ရစ်ခီက မဆီမဆိုင် သက်ပြင်း ခပ်ပါးပါး ချမိသည် ။ မသိချင်ယောင်ဆောင်ပြီး ထွက်သွားဖို့ကြံတော့ ထိုလေးထောင့်ဆန်ဆန် မျက်မှန်လေးမှာ ထပ်မိသွားရပြန်သည့် ရစ်ခီ့အဖြစ်ကလည်း ရယ်စရာ ။

" ရစ်ခီရှန် !! ဟုတ်တယ်မလား "

" အသိတွေလား "

" အင်း နေ့လည်ကမှ သိတာ "

သူငယ်ချင်းဖြစ်သူ၏ အမေးကို ယုံကြည်ချက်ရှိရှိဖြင့် ဖြေချလိုက်သည့် ဂင်မ်ထယ်ရယ်က တကယ် ချစ်စရာ။

" အင်တာဗျူး ဖြေနိုင်လား "

" မဆိုးပါဘူး "

" ငါတို့ တရားဝင်မိတ်မဆက်ရသေးဘူး ထင်တယ်နော် ။ အစ်ကို့နာမည်က ဂင်မ်ထယ်ရယ် ။ လက်တွေ့ဂီတမေဂျာ ဒုတိယနှစ်က ။ ဒါက အစ်ကို့သူငယ်ချင်း ပတ်ဟန်ဘင်း  "

𝘌𝘵𝘦𝘳𝘯𝘢𝘭 𝘚𝘶𝘯𝘴𝘩𝘪𝘯𝘦 • 𝘚𝘏𝘌𝘕𝘛𝘈𝘌𝘙𝘈𝘌Where stories live. Discover now