-3-

511 81 4
                                    

" ဟောလ် ငါ့ဂစ်တာ !! ရစ်ခီ့ကားပေါ်မှာ ကျန်ခဲ့ပြီထင်တယ် "

ကိုယ်လက်ဆေးကြောပြီး အစမ်းလေ့ကျင့်ဖို့ပြင်တော့မှ ဂစ်တာကျန်ခဲ့တာ သတိရမိတဲ့ ထယ်ရယ်လည်း ကိုယ့်နဖူး ကိုယ်ရိုက်ရုံအပြင်မတတ်နိုင်တော့ ။

" ဘာက လိုအပ်နေတာလဲ မသိဘူး "

သီချင်းနဲ့ပတ်သက်လာရင် ပါရမီရှင်လို့ပြောကြတဲ့အထိ အသံကောင်းတဲ့သူမို့ သီချင်းတော်တော်များများနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိပေမယ့် ဒီတစ်ခေါက် festival အတွက်တော့ စိတ်တိုင်းကျမနေ ။ အခေါက်ခေါက် အခါခါ လေ့ကျင့်ပြီးသည့်တိုင် ဘယ်နေရာက လိုအပ်နေမှန်းမသိပေမယ့် တစ်ခုခုလိုနေတာတော့ အမှန်။

" မမ ဒါလေး တစ်ချက်လောက် နားထောင်ပေးဦး "

ဘေးခန်းက အစ်မဖြစ်သူကိုပါ အကူအညီတောင်းရသည့် ထယ်ရယ့်အဖြစ်က လွယ်တော့လွယ်မနေ ။

" ဘာက လိုအပ်နေမှန်းမသိဘူး ကျွန်တော်လေ့ကျင့်နေတာ ဆယ့်ငါးခါ မကတော့ဘူး ။ အစ်ကိုတွေကတော့ ဘာမှမလိုတော့ဘူး ကောင်းတယ်လို့ ပြောနေတာပဲ "

" ခံစားချက်လေ ခံစားချက်လိုနေတာ "

" ဘာလို့ ခံစားချက်လိုရမှာလဲ ဒီလောက် ခံစားချက်တွေ အပြည့်ထည့်ပြီးဆိုထားတာပါနော် "

နားရွက်ဖျားတွေရော ပါးနှစ်ဖက်ကပါ ရဲတက်လာသည့် ထယ်ရယ်က လက်ကလေး တကာကာ နှုတ်ခမ်းလေး တထော်ထော်ဖြင့် ငြင်းရှာသည် ။

" ဒါဆို muse လိုနေတာ ဖြစ်မယ် "

" Muse ဟုတ်လား "

" ပန်းချီဆရာတွေ ၊ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဖန်တီးမှုတွေအတွက် muse လိုအပ်သလိုမျိုးလေ ။ နင့်အတွက် ဒီသီချင်းကို ဆိုဖြစ်စေတဲ့ စေ့ဆော်မှုလေးပေါ့ "

သူ ဒီသီချင်း ဆိုဖြစ်စေခဲ့တဲ့ စေ့ဆော်မှု...

သူ့အာရုံထဲမှာ ပေါ်လာတဲ့ ပုံရိပ်တစ်ခုက ထိုစကားစုတွေနဲ့ သက်ဆိုင်မှုရှိမရှိ သူ မသိသော်လည်း ရင်ဘတ်တစ်နေရာကတော့ ကြိုပြီး အဖြေရှာတွေ့ထားပုံရသည် ။ နာမည်လေး တွေးမိရုံနဲ့တင် ခုန်လှုပ်လာတဲ့ ရင်ခုန်သံတွေက ခပ်စိပ်စိပ် ။

𝘌𝘵𝘦𝘳𝘯𝘢𝘭 𝘚𝘶𝘯𝘴𝘩𝘪𝘯𝘦 • 𝘚𝘏𝘌𝘕𝘛𝘈𝘌𝘙𝘈𝘌Where stories live. Discover now