အရင်အရင်ကပေါ့ ဘော်ဒါတသိုက် အချစ်အကြောင်း ဘေးမှာ လာဆွေးနွေးရင် ဆောင်းဟန်ဘင်းဆိုတဲ့ ဒီကောင်ကြီးက ကိုယ်နဲ့ မဆိုင်သလို နေခဲ့ဖူးပါတယ်။ အနာဂတ်ကို ကြိုမမြင်တော့ စာတင်မက အချစ်ရေးမှာပါ လေ့လာဆည်းပူးမှု အားနည်းခဲ့တယ်။ တရုတ်ကလေးနဲ့ တွေ့ကာမှ သူ့မှာ အဖေကယ်ပါ အဘကယ်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက ယခုအချိန်ထိ ဂျူနီယာလေးတစ်ယောက်ကို လိုက်နေခဲ့တဲ့ ဂယူဘင်းကို ဆရာတင်ရတဲ့ နေ့တွေရောက်လာမယ်လို့ ထင်ကိုမထားခဲ့ဖူးတာ။
ခုတော့ သကောင့်သားက မေးစေ့ကို ပွတ် ဆရာကြီးအထာ ဖမ်းနေပြီး သူ့မှာတော့ မျက်နှာငယ်လေးနဲ့ ပညာသင်ကျောင်းသားလေးလုပ်ရတယ်။
''အချစ်နဲ့တွေ့ရင် လူတိုင်းက ပြောင်းလဲသွားတယ်ကွ''
ဟုတ်မှာ...မနက်တိုင်း ကျောင်းနောက်ကျလို့ ဒဏ်ပေးခံရတဲ့သူက အခုဆို ကျောင်းတံခါးမဖွင့်ခင်တည်းက ကျောင်းပေါက်ရောက်နေပြီ။ ပြီးရင် တံခါးဝက အုတ်ခုံမှာ ထိုင်တယ်။ ကျန်းဟာအိုလေးအလာကို မျှော်တယ်။ အနားရောက်သည်အထိ ငေးစိုက်ကြည့်နေမိတော့ ရဲတွတ်နေတဲ့ မျက်နှာလေးနဲ့ ''ဟန်ဘင်း မောနီး'' လို့ နှုတ်ဆက်တတ်တဲ့ ကျန်းဟာအိုလေးနဲ့ မဆုံရမှာ စိုးလို့ ဝီရိယတွေ ရှိလာတယ်။
''အချစ်ကြောင့် ငါတို့နှလုံးသားတွေ နူးညံ့လာတယ်''
ဟုတ်နေပြန်တာပဲ...ဘေဘီရှက်ခ် ဒူဒူဒူတောင် ဖြောင့်အောင်မရွတ်နိုင်၊ သင်နေရတဲ့ စာတွေထဲ ကဗျာပါလာရင် 'မခံစားတတ်ဘူးဟေး'လို့ အော်နေခဲ့တဲ့ကောင်က အခုဆို ဘောပင်ကလေးကိုင် တောင်တစ်လုံးမြောက်တစ်လုံး ချရေးနဲ့ ကဗျာတွေစပ်နေမိတော့တာ။
'ကျန်းဟာအိုကလေးက ချစ်ဖို့ကောင်း
ချစ်ဖို့ကောင်းတဲ့ ကျန်းဟာအို
ကျန်းဟာအိုကလေးက ချစ်စရာ
ချစ်စရာကောင်းတာ ကျန်းဟာအိုကလေး'စတဲ့ အပေါ်တကြော့ အောက်တကြော့ဟာ အမွှာညီအစ်ကိုလို ကဗျာစပ် စကေးတွေကြောင့် ရှက်လွန်းလို့ ပြန်တော့ မဖတ်ရဲ။
''လူကသာ ဘာကောင်ကြီးမှမဟုတ်သေးတာ ချစ်ရသူအတွက်ကျ အားကိုးရတဲ့ကောင်ကြီး ဖြစ်ချင်လာတယ်ကွာ သိလား''

YOU ARE READING
အချစ်ရက်စွဲများ
Fanficကျန်းဟောင့် Top 9 ဝင်ရင် အမှတ်တရတင်မယ်လို့ တွေးပြီး အစပျိုးထားခဲ့တဲ့ fic ပါ။ ဟာအို့ကို နူးနူးညံ့ညံ့ချစ်စရာ တို့ဖူးတုံးလေးအဖြစ် ရေးထားတာပါ။ ဆိုတော့ BinHao xD