3.2K 348 34
                                    

(ဟာအိုဟျောင်း ဘာလုပ်)

(စာ)

(ဟော...မပျင်းဘူးလား တနေကုန်တနေခမ်း စာ)

(ဟင့်အင်း)

(ကျွန်တော်သာဆို ပျင်းသေမှာ)

ထပ်ရောက်လာတာ ရယ်နေတဲ့ အီမိုဂျီလေး။ ကျန်းဟာအိုလေးက အပြင်မှာသာ ရယ်ခဲတာ အီမိုဂျီလေးတွေနဲ့တော့ တအား ရယ်ပြုံး။

(ဟားတာပေါ့လေ။ ကျွန်တော် စိတ်ဆိုးသွားပြီနော်)

(တကယ်?)

(တကယ်)

မြင်နေရတဲ့ အစက်လေးသုံးစက်က ခုန်ပေါက်လာတာ မရပ်မနား။

ဘာတွေများရိုက်နေမလဲ လိုက်စဥ်းစားမိရင် အရူးလုပ်ခံရလိမ့်မယ်။ အကြာကြီး typing ရိုက်နေလည်း အဆုံးကျ ရောက်လာတာက စက္ကန့်ပိုင်းစာ voice message တိုတိုလေးပဲ ဖြစ်နေမှာ။

အစက်ကလေးတွေ ငြိမ်သွားပြီး တအောင့်ကြာတော့ ထင်ထားတဲ့အတိုင်း voice message လေးက ဆိုက်ဆိုက်မြိုက်မြိုက်

''စိတ်မဆိုးပါနဲ့။ ဟန်ဘင်းက လိမ္မာပါတယ်''

ကျန်းဟာအိုလေး မျက်နှာညိုတာ မမြင်ချင်လို့သာ ကိုရီးယားစာကူလုပ်ပေးရတယ်။ ဒီလို တစ်လုံးချင်း ဖြည်းဖြည်းပြောတတ်တဲ့ ကိုရီးယားသံ ဝဲဝဲလေး မကြားရတော့မှာလည်း စိုးမိတယ်။

စာအရှည်ကြီးရိုက်နေပြီးမှ ဘာလို့ voice message ပို့တာလဲ တစ်ခါ ကြုံလို့ မေးကြည့်တော့ စိတ်လှုပ်ရှားလာရင် ဂရမ်မာတွေ စကားလုံးတွေ စဥ်းစားမတတ်တော့ဘူးတဲ့။

''ဘာဖြစ်လဲ မှားရင် ကျွန်တော်ပြင်ပေးမှာပေါ့''

ခေါင်းကို အသည်းအသန် ခါတယ်။

''ဟန်ဘင်းက စိတ်တိုနေတယ်လေ။ ပိုစိတ်တိုသွားမှာ ကြောက််တယ်''

''မဟုတ်တာ။ ကျွန်တော်က ဘာလို့စိတ်တိုရမှာလဲ''

''ဟန်ဘင်းတောင် မသိတာ ဟျောင်းလည်း မသိဘူး''

''အဲဒါဆို ဘာလို့ စိတ်မဆိုးပါနဲ့ ပြောလဲ''

''အဲဒါက ဟန်ဘင်းက စိတ်ဆိုးနေတာကို''

''ဘာစိတ်ဆိုးတာလဲ သိလား''

''မသိဘူး''

''အဲဒါဆို ဘာလို့ချော့လဲလို့''

အချစ်ရက်စွဲများWhere stories live. Discover now