သေချာ ထုပ်ပိုးထားတဲ့ အပူခံဘူးအဖုံးကို ဖွင့်လိုက်တော့ ပဲပင်ပေါက်ဟင်းချိုဟာ အငွေ့တထောင်းထောင်း ထလို့နေဆဲ။ အလိုက်သိတဲ့ ညီမလုပ်သူက အခြားဟင်းလျာတွေပါ ထည့်လာပေးသေးတယ်။
''ကျေးဇူးပဲ ငါ့ညီမလေး''
ဟိုကောင်တွေနဲ့ အရက်ခိုးသောက်ပြီးတိုင်း မနက်ဆို ပဲပင်ပေါက်ဟင်းချိုသယ်ပြီး ရောက်လာပေးရတဲ့ ညီမလေးက သူ့ကို မျက်စောင်းခဲရင်း
''ရှီရို့ကိုရော ဘာလုပ်ဖို့ ခေါ်လာခိုင်းတာလဲ။ သူ့ကို နှိုးလို့တဲ့၊ ဂီးဂဲနဲ့ ရန်လုပ်ခံရသေးသိလား''
အိပ်ရေးမဝဘဲ အနှိုးခံလိုက်ရတာကို သက်သေပြသလိုပဲ။ ဆူဘင်း လွယ်ထားတဲ့ carrier backpack ထဲမှာ ရှီရိုက ခဝေးသားလေးတို့ ငိုက်နည်းအတိုင်း လျှာတစ်လစ်နဲ့ ငိုက်မြည်းလို့။
''ဒါက မေမေထည့်ပေးလိုက်တာလား''
''အင်း၊ သူ့သားကြီး အမူးပြေပြီးရင် စားဖို့သောက်ဖို့ပါတဲ့''
''နင်မေမေ့ကို ချွန်လိုက်ပြီမလား''
မောင်နှမ နှစ်ယောက်သား စကားပြောရင်း
ဘူးတွေကို ပြန်မပိတ်မိတာကြောင့် အနံ့က အထဲထိ ကူးသွားပုံရတယ်။''မွှေးလိုက်တာ''
အခန်းထဲက အသံထွက်လာတော့ ညီမလုပ်သူတင်မက ငိုက်မြည်းနေတဲ့ ရှီရိုကပါ ခေါင်းထောင်လာပြီး ချီပိုးထားတဲ့ အိတ်ထဲကနေ အတင်းထိုးဆင်းတယ်။
ဒင်းကိုကိုကကျ ဒင်းကို လွမ်းလို့ဆိုပြီး ငိုတယ်၊ ဒင်းကကျ ဒင်းကိုကို့ အသံကြားရုံနဲ့ မြူးကြွလာတယ်။ ဘယ်လို ရေစက်လဲမသိ။
''ဟယ်..ကိုကြီး..အထဲက ကျန်းဟာအိုလေးလား''
''ဘာကျန်းဟာအိုလေးလဲ ပြန် ပြန်''
ရှီရို့ကို ခေါ်လိုက်ပြီး ဆူဘင်းကို အပြင်တွန်းလွှတ်ကာ ဇွတ်ပြန်ခိုင်းရတယ်။ ညက လွမ်းတယ်ဆိုပြီး ငိုထားတာကြောင့် ရှီရို့ကိုတောင် မတတ်သာလို့ရယ်၊ ဒီလို ကြည်နူးရမယ့် မနက်ခင်းလေးကို အရှုပ်တွေ အဝင် မခံနိုင်။
ရှီရိုတစ်ကောင် တဝုဝုအော်ရင်း သူ့လက်ပေါ်ကနေ ဆင်းပြေးသွားသည်ထိ အခန်းထဲမှ တစ်ယောက်ကတော့ ယောင်ဝါးဝါးနဲ့ ရေရွတ်လို့ကောင်းဆဲ။
![](https://img.wattpad.com/cover/339978777-288-k987920.jpg)
YOU ARE READING
အချစ်ရက်စွဲများ
Fanfictionကျန်းဟောင့် Top 9 ဝင်ရင် အမှတ်တရတင်မယ်လို့ တွေးပြီး အစပျိုးထားခဲ့တဲ့ fic ပါ။ ဟာအို့ကို နူးနူးညံ့ညံ့ချစ်စရာ တို့ဖူးတုံးလေးအဖြစ် ရေးထားတာပါ။ ဆိုတော့ BinHao xD