🌼Ep - 4🌼

537 25 5
                                    

နာမည်နဲ့လိုက်စွာပန်းတွေနဲ့အလှဆင်ထားပြီးလှပတဲ့ Lovely flower စားသောက်ဆိုင်လေးရဲ့ကားပါကင်မှာ ရှိတဲ့အနက်ရောင်ကားလေးထဲမှာတော့ ကား စီရာကို ခေါင်းမှီကာ မျက်ရည်များကျရင်းမှဆက်ခနဲခေါင်းကိုပြန်ထောင်ကာလက်ခုံဖြင့်ချက်ချင်းမျက်ရည်များကိုသုတ်ရင်းတစ်ခုခုကိုစဥ်းစားဟန်ပြုနေပြီးမှ..

"နေပါအုံး ငါကဘာလို့ငိုနေတာလဲ"

အမိန့်လက်ခုံပေါ်ကမျက်ရည်စများကိုကြည့်ရင်းတွေးစစကလေးပြောလိုက်၏။

"ဟွန့်~ အဲ့လူကြီးမှအဲ့လူကြီးပါ နေပါအုံးငါ့ကိုမမှတ်မိဘူးလားအဲ့ဘဲကြီးက"

အမိန့်ကားမှန်ကိုတစ်ချက်ကြည့်လိုက်ကာ
"ဟုတ်မှာပါလေ ငါချောလာတာကို ဘယ်မှတ်မိပါ့မလဲအဲ့ဘဲကြီး ငါ့ကို အဟက်~"

အမိန့်ဟက်ခနဲရီရင်း အမိန့်ရဲ့၁၀တန်းကျောင်းသားဘဝအကြောင်းကိုပြန်တွေးမိလိုက်သည်။
လွန်ခဲ့သော ၅နှစ်ခန့်က
<<<<<<<<<<<<<<<<
အမိန့်ကိုကားနဲ့မှလိုက်ပို့ပေးချင်နေတဲ့ဒယ်ဒီကနောက်ဆုံးပါးပါးရဲ့သူများကလေးတွေလိုသူ့ဘာသာစက်ဘီးစီးပြီးဘဲသွားရမယ်ဆိုသောတစ်ချက်လွှတ်အမိန့်ကြောင့် ဒယ်ဒီမှာမျက်နှာကြီးစူပုတ်ပြီးပါးပါးကိုအလိုမကျကြောင်းတတွတ်တွတ်ပြောနေလေရဲ့......

"ကလေးငယ်ကလဲကွာ မောင်ကမောင့်သားကို ကျောင်းကိုကားနဲ့ဘဲလိုက်ပို့ပေးချင်တာလေကွာ"

"မောင် သားကိုငါကသူများကလေးတွေလိုဘဲရိုးရိုးရှင်းရှင်းဘဝနဲ့ဘဲ ကျောင်းတက်စေချင်တယ်"

"မောင်သိတယ်လေဒါပေမယ့်ကွာ သားကမောင့်သားလေသူများတွေနဲ့မှမတူတာ"

"ကလေးငယ်...မောင့်သားဟာသူများထက်အရာရာပိုတော်ပိုတတ်ပိုပြီးပြည့်စုံနေရမယ် ဘာလို့ဆိုသားဟာမောင့်သားဖြစ်နေလို့ဘဲ"

အဟင်းးး

စေရာလဲဘေးကနေသူ့လိုပုံစံဖြစ်အောင်လုပ်နေတဲ့မောင်နဲ့သားကိုကြည့်ကာ သက်ပြင်းဖွဖွတစ်ချက်ချရင်းမှတစ်ခုခုကိုတွေးပြီးမှစိတ်ဆုံးဖြတ်လိုက်ကာ ရှေ့ကသားအဖ၂ယောက်ကိုကြည့်ကာပြောလိုက်တော့သည်။

မင်းအမိန့်တော် အတိုင်းပါWhere stories live. Discover now