🌼Ep - 7🌼

317 10 2
                                    

“ကဲသာဓုခေါ်မယ် လိုက်ဆိုကြ ဒကာ ဒကာမတို့”

“တင်ပါ့ဘုရား”

“အားလုံးကြားကြားသမျှ အမျှ×3 ယူတော်မူကြပါကုန်တော် သာဓု×3”

ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ဖုန်းကနေဖွင့်ထားသော တရားဟောပြီးသာဓုခေါ်အမျှဝေတဲ့အသံသည်သာ ပျံ့လွင့်နေသည်။ ရောင်ရှိန် မနက်က သူ့ရဲ့ကျူငယ်လေးကို အဝကြည့်ပြီး နောက်ကလိုက်ဖို့ပြင်တော့ သူ့ကျူငယ်လေးက လှစ်ခနဲဆိုဘယ်ပျောက်သွားမှန်းမသိလို့ ပြန်လာခဲ့ရသည်။ ပြန်လာတော့လဲ အိမ်မှာပျင်းနေတာနဲ့ သမာဓိရဲ့ ကုမ္ပဏီကိုလာမိပါတယ်...ဒီလာမှပိုတောင်ပျင်းရသေး...ဒင်းကတော့မပျင်းဘူးထင်ရဲ့ တရားနားထောင်လိုက် အလုပ်လုပ်လိုက်နဲ့ဟုတ်နေရောဘဲ....ရောင်ရှိန် Ceoထိုင်ခုံမှာထိုင်ပြီးအလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဒီကောင်ဒီတစ်သက်ရော အိမ်ထောင်ကျဖို့အစီစဥ်ရောရှိသေးပါ့မလားလို့ တွေးမိပြန်ရော....နေနိုင်တဲ့သူကတော့ နေနိုင်ပေမယ့်မနေနိုင်တဲ့ ရောင်ရှိန်ကဘဲ

“ဟာ...ပျင်းတယ်ကွာ ဟျောင့် သမာဓိ မင်းအဲ့အလုပ်တွေဘဲလုပ်နေမှာလား”

သမာဓိအလုပ်လုပ်နေရင်း ရုတ်တရက်ထအော်တဲ့ ရောင်ရှိန်မာန်ဆိုတဲ့ကောင်ကို မျက်လုံးတစ်ချက်လှန်ကြည့်ကာ ပြန်ပြီး လက်မှတ်ထိုးရမယ့်စာရင်းတွေကိုသာ ကြည့်ပြီးပြန်အလုပ်လုပ်နေလိုက်တယ်

“ဟျောင့် သမာဓိ မင်းငါ့ကိုခေါ်ထားပြီး အဲ့အလုပ်တွေဘဲလုပ်နေမှာလား”

“ငါမင်းကိုလာပါလို့ ခေါ်မိလား”

တခါသာ မျက်လုံးလှန်ကြည့်ပြီး သူ့အလုပ်သူပြန်လုပ်နေတဲ့ကောင်ကိုအသံတိတ်ဆဲရေးလိုက်ရင်း

“အေးပါ...ငါမှားတာ ဟောဒီကခြေထောက်နဲ့မင်းဆီကိုလာမိတာမှားတာ”

ရောင်ရှိန်သူ့ခြေထောက်သူရိုက်ကာ အလုပ်ဘဲလုပ်နေတဲ့အလုပ်သရဲကိုမကျေမနပ်မျက်စောင်းထိုးကာပြောတော့ သူ့အလုပ်တွေကိုပြီးသွားပြီထင်....ဘောပင်ကိုပိတ်ပြီး ခုံမှာလက်ပိုက်ထိုင်ပြီး မင်းဇယားတွေဆီမသွားဘူးလား ဟူသောအကြည့်ဖြင့်ကြည့်လာတာကြောင့်

မင်းအမိန့်တော် အတိုင်းပါWhere stories live. Discover now