🌼Ep - 6🌼

221 6 1
                                    

"morning ကလေးငယ် ကိုယ်ကခုဘဲလာနိုးတော့မလို့"

"morning မောင်"

"ဒါနဲ့သားရော မနိုးသေးဘူးလား"

"ကြီးနှင်း သားကိုသွားနှိုးပေးပါအုံး"

"အွန်း ကြီးနှင်းသွားနှိုးလိုက်မယ်"

"နေနေ..ကြီးနှင်း မနှိုးနဲ့တော့"

"ဟိုမှာ ကလေးငယ်ရဲ့သားတော်မောင်က ဆင်းလာပြီ"

ဦးစက်တော်ဝင် ကြီးနှင်းကိုမခေါ်ရန်ပြောပြီးမင်းသားရှုံးလောက်အောင်ပြင်ဆင်ပြီး လေလေးတချွန်ချွန်နဲ့ ကားသော့ကိုလက်ညှိုးတွင်ဝှေ့ယမ်းကာအပေါ်ထပ်ကဆင်းလာသောသားတော်မောင်ကိုကြည့်ကာ ကလေးငယ်ကိုပြောလိုက်သည်။

"morning ပါးပါး morningဒယ်ဒီ"

အမိန့် ပါးပါးနဲ့ဒယ်ဒီကို morning kiss ပေးပြီး

"morning ကြီးကြီးနှင်း"

ကြီးကြီးနှင်းရဲ့သနပ်ခါးထူထူနဲ့ပါးပြင်ကိုပါmorning kissပေးလိုက်တယ်...ဒါအမိန့်ငယ်ငယ်ထဲကမနက်နိုးလာရင်လုပ်နေကြအစဥ်အလာတစ်ခုလိုပင်...ကြီးကြီးနှင်းနဲ့ပါးပါးကတော့ ထုံးစံအတိုင်း ပြုံးပြုံးလေးနဲ့ အမိန့်ကို morning kissပြန်ပေးတတ်ပါသည်။ ဒယ်ဒီကလဲထုံးစံအတိုင်းပါဘဲ မျက်နှာကိုရှုံ့မဲ့ပြီး အမိန့်နမ်းလိုက်တဲ့ပါးကို တစ်ရှူးယူကာသုတ်လေရဲ့...ပါးပါးကအမိန့်ကိုနမ်းရင်လဲ ဒယ်ဒီကအမိန့်ကိုမျက်စောင်းကထိုးသေး....

"သားလေးအမိန့် သားလေး ကြိုက်တဲ့ အုန်းနို့ခေါက်ဆွဲကို ကြီးကြီးနှင်း ကြက်သားများများ နဲ့ချက်ထားတယ်"

"ဟီး..တကယ်လား ဒါဆို ကြီးကြီးနှင်းကအပင်ပန်းခံပြီးချက်ထားတယ်ဆိုတော့လဲ အမိန့်လေးက အဝဆွဲပေးရမှာပေါ့"

"အဝကိုစားသွားပါရှင် သားအမိန့်လေးကများများစားတော့ ကြီးကြီးနှင်းက အပင်ပန်းခံရကြိုးနပ်တာပေါ့ကွယ်"

"ဟီး...ဟုတ်" အဝကိုစားမှာ"

"သား မနက်အစောကြီးဘယ်သွားမလို့ ဒီလောက်ပြင်လာတာလဲ" ဟု ပါးပါးက အမိန့်ကို ကော်ဖီထည့်ပေးရင်းပြောလာတာကြောင့်

"ကျူရိုးနဲ့ ချိန်းထားလို့ပါးပါး"
အမိန့်လဲ ပါးပါးထည့်ပေးထားတဲ့ ကော်ဖီကိုတစ်ငုံသောက်ပြီး ကြီးကြီးနှင်းလာချပေးတဲ့အုန်းနို့ခေါက်ဆွဲကိုအကြော်များများ ငရုတ်သီးများများထည့်ကာစားနေလိုက်တယ်

မင်းအမိန့်တော် အတိုင်းပါWhere stories live. Discover now