𝐈𝐧 1897...
ချစ်ရပါသော ဂျွန်ငယ် .....
အချစ်ဆိုတာဘာမှန်းမသိပေမယ့် ကိုယ်ချစ်တာမင်းကိုပါ ..
လှပတဲ့ချစ်ခြင်းတရားအတွက် အရာအားလုံးဟာ ..
ပျော်ရွှင်ခြင်းနဲ့အဆုံးသတ်ဖို့မျှော်လင့်မိတယ် .." ဂျွန်ငယ် "
သူမအခေါ်အဝေါ်ကြောင့် လှည့်ကြည့်လာတဲ့ အမျိုးသားတစ်ဦး ။ဆောင်းဦးရဲ့အအေးဒဏ်ကိုခံနိုင်ဖို့ အနွေးထည်ကုတ်အင်္ကျီရှည်ဝတ်ထားတဲ့အမျိုးသားဟာ သိပ်ခန့်ညားလွန်းတာအမှန်ပင် ။ ထိုအမျိုးသားဟာ သူမဘက်လှည့်လာရင်း မျက်မှောင်အနည်းငယ်ကြုံကာ ..
" အဲ့လို မခေါ်ပါနဲ့လို့ပြောလည်း..."
"မြတ်နိုးလို့ပါ "
ဂျွန်ငယ်ဟာ သူ့ကိုခေါ်ဝေါ်တဲ့နာမ်စားကို သဘောမကျပေ။ သူ့ထက်ငယ်ပြီး သူ့ကို ဂျွန်ငယ်လို့ခေါ်လို့တဲ့လေ။
" ကိုယ်ကမင်းထက် အသက်ကြီးတယ်လေ "
" ဂျွန်ငယ်ဆိုတဲ့ နာမ်စားကို မြတ်နိုးလို့ပါ ။ဂျွန်ငယ့်အတွက် ခေါ်ရတာကို ပိုမြတ်နိုးတယ် "
"ထားပါတော့ ပြောလဲ မနိုင်ဘူး "
"ဂျွန်ငယ်ခေါ်တာ ဘာကိစ္စရှိလို့လဲ "
" ပြန်ရတော့မယ် .. အပြီး .. ပြန်လာဖို့မရှိတော့ဘူး "
ဂျွန်ငယ်ပြောလိုက်တဲ့စကားအဆုံး ခံနိုင်ရည်မရှိတော့ဘူး ။ ဟုတ်သား ဂျွန်ငယ်က တိုင်းတစ်ပါးကလေ ဘယ်လိုလို့ အမြဲအတူရှိနေနိုင်မှာလဲ ။ သိပ်ချစ်ပါတယ်ဆိုတဲ့ စကားတောင်မပြောရသေးဘူးလေ ။
" သဲငယ် .. "
"အဲ့အခေါ်အဝေါ်မခေါ်ပါနဲ့လား ဂျွန်ငယ်ရယ် စွဲလမ်းမိသွားမှာသိပ်ကြောက်တယ် "
မျက်ရည်စတွေကျလာတယ် ။ ဂျွန်ငယ်နဲ့ သူမရဲ့ဆက်ဆံရေးက ဖွင့်ပြောတဲ့အခြေအနေလဲမဟုတ်ထားတော့ ချစ်သူရည်းစားလည်းမဟုတ်။ သူငယ်ချင်းထက်လည်းပိုတယ် ။ နစ်ယောက်အချင်းချင်းချစ်ပါတယ်ပြောစရာမလိုပေမယ့် ချစ်တယ်ဆိုတာ သိနေကြတယ်လေ ။ စွဲလမ်းမိမှာကြောက်တယ် လို့သာပြောတာပါ တစ်ကယ်တော့ ဂျွန်ငယ်ရယ် စွဲလမ်းခဲ့ပြီးပါပြီ ။
YOU ARE READING
Since in 1897 or 2027 (after 130yrs )
Cerita Pendekသိပ်ချစ်ရပါသော ဂျွန်ငယ် ... အမြဲစောင့်နေခဲ့ပါတယ် .. OC fic နာမည်တောင်အသေးစိတ်မဖော်ပြထားတဲ့အရာမို့ စိတ်ကူးယဉ်စွာ ရေးသားထားတာပါ ။ မိန်းကလေးနေရာမှကိုယ်တိုင်/ ကိုယ်ချစ်ရသူ ဝင်ခံစားလို့ရသလို ယောက်ျားလေးနေရာမှာလည်း ကိုယ်တိုင်/ ကိုယ်ချစ်ရသူဝင်ခံစားလို...