မီးအိမ်ရှင်

620 54 3
                                    

"အူဝဲ...အူဝဲ..."

နက္ခတ်ပညာရှင်ဂင်မ်ဆောင်ဟျွန်း၏အိမ်တော်အတွင်းမှ
ကလေးငိုသံသဲ့သဲ့ထွက်ပေါ်လာခဲ့သည်။

"မိန်းကလေးမွေးပါတယ်သခင်ကြီး..."

အထိန်းတော်လက်ထဲကကလေးကိုတစ်ချက်ငုံ့ကြည့်ကာအနောက်မှာရပ်နေသောလူနှစ်ယောက်ကိုမျက်စပစ်၍အချက်ပြလိုက်သည်။

ခဏအကြာ၌
အိမ်တော်အတွင်းမှလူနှစ်ယောက်အထုပ်တစ်ထုပ်ကို
ပိုက်ကာခပ်သုပ်သုပ်ထွက်လာပြီးမှောင်ရိပ်ထဲဝင်
ရောက်ပျောက်ကွယ်သွားတော့သည်။
လကိုတိမ်ဖုံးနေသောကြောင့်အလင်းရောင်မရှိချေ။
ကောင်းကင်ကိုမော့ကြည့်ကာသူသက်ပြင်းချလိုက်
သည်။

"သခင်ကြီး"

"ဝင်ခဲ့"

သူ့ခွင့်ပြုချက်ရသည်နှင့်အမျိုးသားတစ်ယောက်
အဝတ်ဖြင့်ထုပ်ထားသောမွေးကင်းစကလေးငယ်ကို
ရင်ဝယ်ပိုက်ကာအခန်းထဲသို့ဝင်လာသည်။
အနှီးထုပ်ထဲကကလေးကိုတစ်ချက်ကြည့်ကာ

"သူ့မိဘတွေကိုကောသေချာရှင်းခဲ့လား"

"ဟုတ်ကဲ့...သေချာရှင်းခဲ့ပါတယ်
ဒါကြောင့်နောက်ကျသွားတာပါ"

"ကောင်းပြီ...တာဝန်ကျေတယ်"

အဝတ်ဖြင့်ထုပ်ထားသောကလေးကိုလှမ်းယူ၍ထိုလူ့
ကိုပြန်ခိုင်းလိုက်သည်။
ထို့နောက်မီးဖွားပြီးခါစအမျိုးသမီး၏အဆောင်ဘက်သို့ထွက်လာကာအထိန်းတော်အမျိုးသမီး၏လက်ထဲသို့ကလေးကိုထည့်ပေးလိုက်သည်။
ထိုအခါမှအိပ်ပျော်နေသောကလေးကနိုးလာကာငိုတော့သည်။

"ဟယ်မီ...ကလေးကနို့ဆာနေလို့ဖြစ်မယ်..ငါ့ဆီခေါ်
လာခဲ့"

အခန်းထဲကအသံကြောင့်အထိန်းတော်ကြီးကသူ့ကို
တစ်ချက်မော့ကြည့်သည်။သူမေးငေါ့ပြကာအခန်းထဲဝင်ဖို့အချက်ပြလိုက်သည်။

"လာပါပြီသခင်မကြီး..."

"မေမေ့ကလေးလေးနို့ဆာနေပြီလား...
အာရီးဂူး...ချစ်ဖို့ကောင်းလိုက်တာ"

သူ့ကလေးထင်ပြီးနို့တိုက်နေသောသခင်မဖြစ်သူကို
စိတ်မကောင်းစွာဖြင့်ကြည့်၍သက်ပြင်းသဲ့သဲ့ခိုးချ
လိုက်ရတော့သည်။

နောက်တစ်နေ့မနက်
ဟန်ယန်းနှင့်အနည်းငယ်ဝေးသောရွာငယ်လေးရှိ
သာမန်လက်လုပ်လက်စားမိသားစုနေအိမ်ရှေ့၌
အဝတ်ဖြင့်ထုပ်ထားသောကလေးတစ်ယောက်
ကိုအမျိုးသားတစ်ဦးကရင်ဝယ်ပိုက်ကာငိုနေသော
ကလေးကိုအငိုတိတ်အောင်အမျိုးမျိုးချော့မြူနေ
လေသည်။

..........

"ဘယ်လိုလုပ်ရပါ့မလဲမယ်မယ်...မယ်မယ့်မြေးအငယ်ကအရမ်းကဲလွန်းလို့အခုအရွယ်ထဲကထိန်းသိမ်းဖို့ခက်နေပြီ"

နန်းဆောင်ရှေ့ဥယာဥ်ထဲပြေးလွှားဆော့ကစားနေ
သည့်သုံးနှစ်အရွယ်ကလေးငယ်ကိုကြည့်၍အိမ်ရှေ့စံမင်းသမီးကညည်းညူတော့ယောက္ခမဖြစ်သူမိဖုရားခေါင်ကြီးကမြေးဖြစ်သူကိုပြုံးပြုံးကြီးဖြင့်
ကြည့်ကာ

"ကလေးဆိုတာအဲ့လိုပြေးလွှားဆော့ကစားနေမှကျန်းမာတာ၊မြေးလေးကချစ်ဖို့ကောင်းပါတယ်၊
အိမ်ရှေ့စံကောမင်းကြီးကောကမင်းသမီးလေးကိုသိပ်ချစ်ရှာတာ၊မင်းသမီးလေးဘယ်လောက်ကံကောင်းလိုက်သလဲ"

"ဆူးလေး"

"အစ်ကိုတော်...အစ်ကိုတော်...လိပ်ပြာလေးတွေ
လိပ်ပြာလေးတွေ"

အသက်ဆယ်နှစ်အရွယ်မင်းသားလေးကစာသင်ပြီး
သွား၍ညီမဖြစ်သူဆီရောက်လာကာအတူဆော့ပေး
နေသည်။
မိဖုရားခေါင်ကြီးကမြေးနှစ်ယောက်ကိုကြည့်ကာ

"ပြောဖို့ကျန်ခဲ့တယ်၊မင်းသမီးလေးကိုအချစ်ပိုလွန်းတာဒီအမျိုးသားပေါက်စလေးကအဆိုးဆုံးပေါ့...
ဟင်းဟင်းဟင်း"

ထိုကလေးနှစ်ယောက်ပန်းခြံထဲပြေးလွှားဆော့နေသည်ကိုပန်းခြံတံခါးဝကိုကွယ်၍အားကျသည့်
မျက်ဝန်းများဖြင့်ကြည့်နေသောနန်းဝတ်နန်းစားနှင့်
အသက်ခြောက်နှစ်အရွယ်ကလေးတစ်ယောက်လဲ
ရှိနေသေးသည်။

5 May 2023

မီးအိမ်ရှင်Donde viven las historias. Descúbrelo ahora