"အစ်ကိုတော်"
"ဟင်.."
လေးပစ်ကျင့်နေစဥ်ညီမတော်ရောက်လာတာ
ကြောင့်မင်းသားဂျီဟွန်းလေးတံကိုပြန်ချကာလှည့်
ကြည့်လိုက်သည်။
ဒီအထိရောက်လာပုံထောက်ရင်တစ်ခုခုအလိုရှိလာပုံ
ရသည်။
မျက်ခုံးတော့ခပ်လှုပ်လှုပ်ပင်။
မင်းသားဂျီဟွန်းကမိဖုရားအငယ်မှမွေးဖွားသည့်
ဒုတိယမြောက်သားဖြစ်သည်။
မင်းသားဂျီဟွန်း၏အထက်တွင်အသက်သုံးနှစ်ကွာ
သောအစ်ကိုတော်ဂျီဝမ်တစ်ယောက်ရှိသေးသည်။
အိမ်ရှေ့စံဂျီရှင်းနှင့်မင်းသားဂျီဝမ်ကအသက်တစ်နှစ်သာကွာပြီးဂျီဟွန်းနှင့်ဂျီဆူးကသုံးနှစ်ကွာသည်။
မိဖုရားတစ်ပါးဆီကမွေးကြသည်ဆိုပေမယ့်ဂျီဟွန်း
ကဂျီဆူးအပေါ်အင်မတန်အချစ်ပိုသည်။
ဂျီဝမ်ကတော့ထိုသို့မဟုတ်ချေ။"ဘာလဲဆူး...ဘာလိုချင်လို့လဲ"
"အစ်ကိုတော်ကတော်လာပြီပဲ"
မင်းသမီးကအစ်ကိုဖြစ်သူကိုပြုံး၍ကြည့်ကာ
"ခမည်းတော်ဘယ်နေ့အမဲပစ်ထွက်ဦးမလဲသိချင်လို့"
"ဆူးကဘာလို့သိချင်တာလဲ"
"လိုက်ချင်လို့လေ"
"ဟမ်..."
ဂျီဟွန်းအလန့်တကြားဖြင့်ညီမတော်ကိုကြည့်လိုက်
သည်။
ထို့နောက်"မဖြစ်ပါဘူး...အန္တရာယ်အရမ်းများတာ
ခမည်းတော်ကလဲလိုက်ခွင့်ပေးမှာမဟုတ်ဘူး""အစ်ကိုတော်...လေးတံပေး"
"ဘာလုပ်မလို့လဲ"
"အစ်ကိုတော်နဲ့ ညီမတော် လေးပစ်ပြိုင်မယ်
ညီမတော် နိုင်ရင် ခမည်းတော်ကို ဆူး အမဲပစ်
လိုက်ဖို့ရအောင်ပြောပေးရမယ်
ဘယ်လိုလဲ""မဖြစ်ပါဘူး ဆူးလေးရာ အိမ်ရှေ့စံကလဲ.."
"ညီမတော်ကအစ်ကိုတော်ကို
အကူအညီတောင်းနေတာအစ်ကိုတော်ကလက်
မခံဘူးဆိုတော့အကြမ်းနည်းသုံးမှရတော့မယ်
ထင်တယ်""ဘယ်လို"
မင်းသမီးလေးကပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်
ကာအနီးအနားမှာဘယ်သူမှမရှိတာ
သေချာမှအစ်ကိုတော်ဖြစ်သူနားနားသို့ကပ်၍လေသံ
တိုးတိုးဖြင့်