"ရိပေါ် ငါတို့လမ်းခွဲရအောင်"ရင်ဝတည့်တည့်ကိုဓားနဲ့ထိုးလိုက်သလိုပါပဲ ကိုကိုအဲ့လိုစကားထွက်လာလိမ့်မယ်လို့မထင်ခဲ့မိဘူး
"ကိုကို ဘာလို့လဲ နောက်နေတယ်ဆိုရင်လဲတော်ပါဗျာ ဒီက လူမိုက်ကြီးကအသဲနုတယ်ဗျ"
"ငါအတည်ပြောနေတာ မနောက်ဘူးရိပေါ် မင်းလို ဆွေမရှိမျိုးမရှိ ဘယ်ကလဲမသိတဲ့ လူမိုက်တစ်ယောက်ကို ချစ်ခဲ့မိတာမှားတယ်"
ကိုကို့စကားတွေက ခေါင်းကိုမိုးကြိုးအချက်တစ်ရာလောက်ပစ်ချလိုက်သလိုပါပဲ ဒါမဲ့ကျတော့ကိုချစ်ခဲ့တာမှားတယ်တဲ့ အရင်လို "မောင်" ဆိုတဲ့နေရာမှာကိုကိုသုံးလိုက်တာက "မင်း"တဲ့
"ဒါဆိုဘာလို့ကျတော့ကိုချစ်ခဲ့တာလဲ ရှောင်းကျန့် "
"ငါမင်းကိုမချစ်ခဲ့ဘူးရိပေါ်"
"အဟက် ဒါဆိုဟိုနေ့ညက ကျတော်နဲ့အတူအိပ်တာကရောမချစ်လို့လား"
"ဝမ်ရိပေါ်"
"ဟက် ဘာလဲ အနာပေါ်တုတ်ကျသွားတာလားရှောင်းကျန့်"
"ဝမ်ရိပေါ် ဝမ်ရိပေါ် အဲ့နေ့ညက ကိစ္စ ကိုမဖြစ်ခဲ့ဘူးလို့သတ်မှတ်လိုက် "
"ရှောင်းကျန့် ခဗျား ဗျာ တောက်"
"ငါတို့ဇာတ်လမ်းပြီးပြီရိပေါ် ငါ့ဘဝကို ဆင်းဆင်းရဲရဲ မဖြတ်သန်းချင်ဘူး လူမိုက်ရဲ့မယားအဖြစ်နဲ့လဲမနေနိုင်ဘူး "
"တောက် ခင်ဗျား စော်ကားတာတွေများနေပြီ ခင်ဗျားလိုမျိုးငွေမက်တဲ့လူကို သိပ်ရွံတယ် ပြီးပြီဆိုလဲ ပြီးတာပေါ့ ဟက်"
ရိပေါ်လှည့်ထွက်ခဲ့သည် ကောရက်စက်တယ် အရင်လို အပစ်ကင်းစင်တဲ့ကလေးလေးမဟုတ်တော့ဘူး
ဒါပေမဲ့ ကျတော်ကောကိုမုန်းတယ် ဟုတ်တယ် ကျတော်ခင်ဗျားကိုမေ့ပစ်ချင်တယ် အတွေးတွေကိုလက်စဖြတ်ကာ ph contact တစ်ခုက "မား" တဲ့"မား သားနိုင်ငံခြားသွားမယ် "
တစ်ခွန်းထဲသာပြောပြီးph ချပစ်လိုက်သည် အခုချိန်မှာသူဘာမှမသိချင်တော့ မျက်လုံးကိုမှိတ်ပြီးအတိတ်ဆီသို့............"မား သားလုံးဝလက်မခံနိုင်ဘူး "
"မရဘူး ဒါမင်းအပါးရဲ့ဆုံးဖြတ်ချက်ပဲ"