Part 5💛

1.5K 80 0
                                    


"မြို့အုပ်မင်းဝမ်ဇာတိမြေသို့ပြန်လည်ရောက်ရှိပြီဆိုတဲ့သတင်း"

လေယာဥ်ပေါ်ကဆင်းဆင်းခြင်း ကြိုဆိုတဲ့လူတွေမှမနည်းမနောပဲ စံအိမ်အသီးသီးက လူတွေလာကြိုကြတာ ခင်ဗျားကိုရှာမိတယ် ဒါမဲ့အရိပ်အယောင်တောင်မတွေ့ဘူး ( ရိပေါ်က ကျောင်းတက်တာ law ယူထားပြီးသားပါနော် Oxford uni မှာပညာဆက်သင်ရင်း မြို့အုပ်မင်းဖြစ်လာခဲ့တာပါ)

အချိန်တွေတစ်ရွေ့ရွေ့ကုန်ခဲ့တာ ခုဆိုရင်    မွေးရပ်မြေကိုပြန်ရောက်လာခဲ့ပြီ ငါးနှစ်ဆိုတဲ့အချိန်ကာလတစ်ခုမှာ ခင်ဗျားကိုမေ့ရအောင်ကြိုးစားခဲ့တယ် ခင်ဗျားရယ် ဘယ်လိုမှကိုမေ့လို့မရဘူး ကိုယ့်ကိုနာကြင်စေရတဲ့လူကို မေ့မရတဲ့အဖြစ်ကခံစားရခက်လိုက်တာ ...................

အခုချိန်မှာတော့ ခင်ဗျားက တစ်အိုးတစ်အိမ်ရှိနေပြီပေါ့လေ တစ်ကိုယ်ကောင်းဆန်တဲ့ခင်ဗျားကို မုန်းနေရမဲ့အစား ခင်ဗျားကိုမေ့မရတဲ့ ဝမ်ရိပေါ်ဆိုတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ်

"daddy သားသားဗိုက်ဆာပြီ"

သားလေးအသံကြားမှပဲအတွေးတွေကိုခဏရပ်မိလိုက်တယ်
သားဆိုပေမဲ့ကျွန်တော့သားမဟုတ်ဘူးဗျ ချင်ချင့်သား .......

"ချင်ချင် ငါနင့်ကိုညီမလေးတစ်ယောက်ထပ်မပိုဘူး"

"ချင်ချင် ရိပေါ်ကောကို ချစ်တာမှန်ပေမဲ့ ဒီ ကိစ္စ ကိုချင်ချင့်ဘက်ကဖျတ်သိမ်းပေးပါ့မယ်"

"အင်း"

"ဒါမဲ့ တစ်ခုလောက်တော့နောက်ဆုံးအနေနဲ့ကူညီပေးပါ "

"ပြောကြည့်လေ"

"ချင်ချင့်မှာကိုယ်ဝန်ရှိနေပြီ"

"ဘာ"

ညီမလေးလိုခင်ရတဲ့ချင်ချင်က ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အနည်းနဲ့အများတော့စိတ်တိုမိတာအမှန်ဘဲ ကလေးအဖေကရောဆိုတော့ မသိဘူးတဲ့

"မိုက်လိုက်တာချင်ချင်ရယ်"

"ချင်ချင်မှားခဲ့တာပါ"

"ချင်ချင်ငါနင့်ကိုလက်ထပ်မယ် ကလေးအတွက်နင်စဥ်းစားအုံး"

"ဟင့်အင်း မလုပ်ပါနဲ့ကော ချင်ချင့်အတွက်နဲ့ကောဘဝကိုမဖျတ်ဆီးပါနဲ့ ပြီးတော့ ကျန့်ကောကိုသိပ်ချစ်တာကောပဲမလား ကျန့်ကောနဲ့နောက်တစ်ချိန်ပြန်တွေ့ရင် ပြင်မရတဲ့အမှားတွေဖြစ်ကုန်လိမ့်မယ်"

သားရဲ့ daddy ပြန်လာပြီ (Complete)Where stories live. Discover now