Part 7 💛

1.6K 73 3
                                    


အခုတော့အားလုံးအဖြစ်မှန်တွေသိသွားပြီဆိုတော့ သာယာတဲ့မိသားစုဘဝလေးပဲဖြစ်ဖို့ကျန်တော့တယ်မလား ဝမ်ဖေးလေးကိုလဲ သားအရင်းလေးလိုချစ်ပေးဖို့ရှောင်းကျန့်ဆုံးဖြတ်လိုက်တယ်

မိသားစုအားလုံးလူစုံတက်စုံရှိနေကြတဲ့ ဧည့်ခန်းထဲဝယ်

"သား ဝမ်ဖေး"

"ဟုတ် ဦးဦး"

"ပါးပါးလို့ခေါ်ပါ"

"ဟင့် ပါးပါး "

"အာ သားရယ်မငိုရဘူးလေ "

"သားပျော်လို့ပါ ပါးပါး "

"သားမှာ ဒယ်ဒီရယ် ဟောဒီ့ကပါးပါးရယ် သားကိုကိုဝမ်လေးရယ် ရှိတယ်နော်"

"ဖွားဖွားလဲရှိပါတယ်နော် "

"ဖိုးဖိုးတို့လဲရှိတယ်ဝေ့"

ဝမ်ပါးနဲ့ဝမ်မားဝင်ပြီးပြောလိုက်ခြင်းပါ

"သားအရမ်းပျော်တာပဲ သားကိုမချစ်တော့မှာကြောက်နေတာ"

"ညီလေးကိုဘယ်သူမှမချစ်ရင်တောင် ကိုကိုကချစ်တယ်ဗျ"

"ဟီး ဟုတ် "

"daddy ကလဲချစ်တယ်နော် "

"ဟုတ်"

အဲ့နေ့ကစပြီး မြို့အုပ်မင်းဝမ်ရဲ့ဝမ်အိမ်တော်မှာ ကြည်နူးစရာအသံတွေပဲ ကြားရတော့တယ်

"ကိုကို"

ချွဲတဲ့အသံနဲ့လာခေါ်ပြီးနောက်ကနေခါးကိုဖက်ထားတာလန့်သွားတာပဲ

"ေမာင် သားတွေကိုသိပ်နေတယ်လေနိုးကုန်အုံးမယ်"

"ကိုကိုကလဲ "

"ပါးပါး အီးဟင့် "

အိပ်ချင်မူးတူးထအော်တဲ့ဝမ်ဖေးပါလေ

"အိုအို့ ပါးပါးသားလေးအိပ်တော့နော် အိုအေ့အေ့"

ဖင်လေးကိုပြန်ပုတ်သိပ်လိုက်တော့ငြိမ်ကျသွားပြီးအသက်ရှူသံမှန်မှန်နဲ့အိပ်သွားမှကုတင်ပေါ်ကဆင်းလိုက်တယ်

"ကိုကိုလို့"

စလာပါပြီ ဒီကလေးကြီးကိုလဲသိပ်ရအုံးမယ်

"မောင် ဘယ်လိုဖြစ်နေတာလဲ"

"ကိုကိုမောင့်ကိုပစ်ထားတယ်"

သားရဲ့ daddy ပြန်လာပြီ (Complete)Where stories live. Discover now