Part 6💛

1.6K 71 2
                                    


"သား ဝမ်လေး "

"ပါးပါး အင့်ဟင့် daddy ကသားကိုမချစ်ဘူး အစ် သားသားနဲ့ရွယ်တူကောင်လေးက ဒယ်ဒီ့သားလားဟင် ဒယ်ဒီကသူ့ကိုပိုချစ်တာတဲ့ အီးဟီး"

"သားဝမ်လေး သားရဲ့daddy ကိုမမုန်းရဘူးနော် သူကသားရဲ့ဖေဖေနော် မိဘတိုင်းက ကိုယ့်သားသမီးကိုအရမ်းချစ်ပါတယ်"

"ဝမ်လေး daddy ကိုမမုန်းပါဘူး ပါးပါး"

"အင်း လိမ်မာတယ်ပါးပါးရဲ့သားလေး မျက်ရည်တွေသုတ်လိုက်တော့ သားရဲ့daddyနဲ့တူအောင်ရုပ်ချောနေမှဖြစ်မယ်"

"ဟုတ်သားပဲ daddy နဲ့တူအောင်ရုပ်ချောရမယ် အဲ့တာမှဟိုကောင်ထက်သာမှာ"

"ဘယ်ကောင်လဲသားရဲ့"

"daddy သားတစ်ယောက်ပေါ့ daddy နဲ့လဲအတူပဲနဲ့များ "

သားပြောမှပဲတွေးကြည့်မိသည် ဟိုကလေးက အသားညိုတယ် ရိပေါ်သားဆိုရင်အသားဖြူရမှာပေါ့ ပြီးတော့ရိပေါ်နဲ့တူတယ်လို့လဲမခံစားရဘူး

"သား ဝမ်လေး အဲ့ကလေးလေးကိုလဲမမုန်းရဘူးနော်    ဘာပဲဖြစ်ဖြစ်သူကသားရဲ့ညီလေးနော်သား"

"ဟုတ်ပါးပါး"

"ကိုကို သား"

"ဟင် daddy "

"ရိပေါ်မင်းငါ့အိမ်ကိုဘယ်လိုသိတာလဲဟမ်
ရဲတင်းလိုက်လေခြင်းသူများအိမ်ကိုအသံမပေးပဲနဲ့တက်လာတာ"

"ကိုယ့်ယောက်ကျားအိမ်ကိုလာတာလေ"

"မင်း"

"ကျွန်တော့သားဆီလာတာ "

အပြောင်းအလဲ မြန်လိုက်တာ သူ့သားဆီလာတာတဲ့

"ရှောင်းသခင်လေး သားရဲ့အနာဂတ်အတွက်တာဝန်ယူပါရစေ"

"မလိုဘူး ငါ့သားကိုငါစောင့်ရှောင့်နိုင်တယ်"

"မရဘူး ဝမ်လေးက ကျွန်တော့သားလေ ဝမ်လေးမျက်နှာတော့ငဲ့ပေးပါ"

"........"

"ရှောင်းသခင်လေး ငြင်းပယ်နေမယ်ဆိုရင် ဥပဒေအရ ကျွန်တော့်သားကိုမရရအောင်ယူမှာ ကျွန်တော်ကမြို့အုပ်မင်းဝမ်ရိပေါ်ဆိုတာမမေ့ပါနဲ့"

ကိုကိုက အနုနည်းနဲ့မရတော့လို့အကြပ်ကိုင်လိုက်ရတာပါ ခွင့်လွှတ်ပါကိုကို

သားရဲ့ daddy ပြန်လာပြီ (Complete)Where stories live. Discover now