final 💛

2K 77 1
                                    


"မြို့အုပ်မင်းကတော် ဒီအမှုကိုနိုင်အောင်လုပ်ပေးပါ"

"အမှူဆိုတာ နိုင်စေချင်တိုင်းအနိုင်ပေးလို့မရဘူးလေ အမှန်တရားအတွက်ပဲ ပြီးတော့ဆုံးဖြတ်ရမှာ ကျွန်တော့်အမျိုးသားပါ ကျွန်တော်မဟုတ်ဘူး"

"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့ မြို့အုပ်မင်း  က မင်းကတော် စကားကိုလုံးဝမပယ်ရှားဘူးလို့ကြားထားလို့ပါ"

"အဲ့တော့...ဘာဖြစ်လဲ"

"ဒီဟာက မင်းကတော်အတွက်လက်ဆောင်ပါ ဒီအမှုကိုနိုင်အောင်မြို့အုပ်မင်းကိုကူပြောပေးပါ"

ရှောင်းကျန့်အရှေ့က လက်ဆောင် ပစ္စည်း တွေပေးပြီး အမှုနိုင်ဖို့မျက်နှာချိုသွေးလာတဲ့လူကြောင့် မျက်မှောင်ကျုံ့မိသည်

"ဒီမှာ ကျုပ်အမျိုးသားကိုလာဘ်စားတဲ့လူလို့ထင်နေတာလား အမှုကိုတရားခွင်ကပဲဆက်သွားမှာမို့ ပစ္စည်း တွေယူပြီး  လာလမ်းအတိုင်းပြန်နိုင်ပါပြီ"

အော် လူတွေလူတွေပိုက်ဆံရှိတိုင်း သူတို့ဖြစ်စေချင်သလိုဖြစ်မယ်များထင်နေလား

ဒီအမှုကလဲ သူ့သားကဆေးစွဲနေပြီး မိန်းကလေးတစ်ယောက်ဘဝကိုဖြတ်ဆီးလိုက်လို့ဖွင့်ထားတဲ့အမှု အဲ့တာကို သူ့အမှုနိုင်အောင်လာဘ်လာထိုးနေလေရဲ့ လုံးဝပဲ အမှန်တရားဘက်ကပဲရှိနေမှာအဲ့လိုမှမဟုတ်ရင်မြို့အုပ်ကတော်မလုပ်ဘူး မြို့အုပ်မင်းယောက်ကျားမဟုတ်ရင် မြို့အုပ်မင်းလင်ပဲလုပ်မှာ

"ဘွန်း တီတီ"

ကားသံကြားတော့အပြေးလေးအောက်ကိုဆင်းလာခဲ့တယ် ဘယ်သူရှိမလဲ ချစ်လှစွာသော ယောက်ကျားပါ

"မောင် မောနေပြီလား ရေလေးသောက်"

အဆက်သင့်ယူလာတဲ့ရေကိုလှမ်းပေးလိုက်တော့ မနားဘဲတစ်ခွက်လုံးကုန်အောင်သောက်လိုက်တာဘယ်လောက်ပင်ပန်းထားလဲသိသာသည်
မျက်နှာကချွေးလေးတွေကိုသုတ်ပေးနေတော့ အမြတ်တနိုးနဲ့နဖူးပြင်ပေါ်ရောက်လာတဲ့မောင့်ရဲ့အနမ်းလေး

"မောင့်အမောပြေလေးရှိနေပြီ မပင်ပန်းတော့ပါဘူးဗျာ"

"ဟွန်း လာပါ ပေးထမင်းချိုင့်တွေ"

သားရဲ့ daddy ပြန်လာပြီ (Complete)Where stories live. Discover now