Notice & into

1.6K 106 8
                                    

Hello

ပထမဆုံးအနေနဲ့ LeoN ပြောပြချင်တာက LeoN ရဲ့ ဘာသာပြန်လက်စ ဖြစ်နေတဲ့

"What to do if my brother's goddess fall in love with me"
"ငါ့မောင့်ရဲ့ နတ်သမီးလေးက ငါ့ကို ကြွေဆင်းနေတယ်တဲ့။ ဘယ့်နှယ့်လုပ်ရပါ့" fic ကို ဆက်ပြန်ဖို့ အဆင်မပြေတော့လို့ပါ။

LeoN အစဖော်လိုက်ပြီးမှ ပြီးအောင် မလုပ်မိခဲ့တဲ့အတွက် စာဖတ်သူတို့ကို တကယ့်ကို တောင်းပန်ပါတယ်။

ဒါကြောင့် အဲ့ fic အစား ဒီ "Who Moved my ash" လေးကို Jenlisa version ‌နဲ့ ဘာသာပြန်ပေးပါ့မယ်နော်။

အရင် fic ကို LeoN စိတ်ပါရင် ပါသလို ဘာသာပြန်ပေးမယ်ဆိုပေမယ့် သိပ်မသေချာတာမို့ အားလုံးပဲ မစောင့်ကြဖို့ကိုသာ ပြောလိုပါတယ်။

ပြီးတော့ ဒီ "Who Moved my ash" လေးကလည်း ဖတ်လို့ ကောင်းတာမို့ စာဖတ်သူတို့ စိတ်မပျက်စေရလောက်ပါဘူး။

--------------------------------

တစ်ချက်သတိပေးချင်တာက

ထုံးစံအတိုင်း LeoN ဒီ fic လေးကိုလည်း ဘာသာပြန်ခွင့်မရသေးပါဘူး။

ပြီးတော့ နောက်တစ်ချက်က ဒီ fic လေးကို မူရင်းဇာတ်ကောင်တွေအတိုင်း ဘာသာပြန်နေတဲ့လူရှိပါတယ်။ ဒါပေမဲ့ အဲ့ auther က အပိုင်း (၇) မှာ ရပ်သွားပြီး ဆက်မပြန်တာမို့ LeoN က version ပြောင်းပြီး ဘာသာပြန်မလို့ပါ။

ဘာသာပြန်ဖို့ ခွင့်ပြုချက်လည်း မရသေးတာမို့ တကယ်လို့ auther က ဖျက်ခိုင်းစေချင်ရင် LeoN တစ်ချက်မတွန့်ဘဲ ဖျက်ပေးပါ့မယ်နော်။

ဒါလေး ပြောပြချင်တာပါ။

---------------------------------

Intro

Jennie ဟာ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနှောင်အဖွဲ့မရှိ၊ ဖြတ်သန်း‌နေရင်း တစ်နေ့မှာတော့ ကံဆိုးပြီး ကွယ်လွန်အနိစ္စရောက်သွားရရှာတယ်။

ဒါ‌လည်း ကိစ္စမရှိပါဘူးလေ။ သူ့အတွက် ဘဝမှာ တွယ်တာစရာ သိပ်မရှိတာမို့ စိတ်‌ချလက်ချနဲ့ တမလွန်ဘဝကို ကူးနိုင်တယ်။ ဒါပေမဲ့ ငြိသွားတဲ့တစ်ချက်က သူ သေသွားပြီး‌တဲ့နောက် သူ့ ရစရာရှိတဲ့ ပိုက်ဆံတွေ ပင်စင်ကြေးတွေကို သူငယ်ချင်းအရင်းကြီး ဖြစ်သူ  Lalisa က မလွှဲလာဘူးတဲ့…

ဒီအချက်ကို သူ လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် လူ့လောကကို ပြန်ပြီး စာရင်းသွားရှင်းဖို့ လုပ်ပေမယ့် အနှီး Lalisa က သူ့အရိုးပြာအိုးကို ပိုက်ရင်း အော်ငိုနေတာကို မြင်လိုက်ရတယ်။

နောက်ပိုင်း သူ ရှာဖွေ တွေ့ရှိလိုက်ရတဲ့ကိစ္စက သရဲဖြစ်နေတဲ့ သူ့ကိုတောင် အရမ်းကြောက်သွားစေမိတဲ့အထိပဲတဲ့…

ဒီလိုနဲ့ပဲ…

------------------------------------
Date - 11.5.2023

ဒါနဲ့ ဒီရက်ပိုင်းမှာ မုန်တိုင်းရှိတာမို့ အားလုံးပဲ ဂရုစိုက်ကြပါ။

-အပျင်းကြီးတဲ့ LeoN

Who Moved my ashesWhere stories live. Discover now