[Unicode]
Who moved my ashes (9)
Jennie လည်း Lalisa ကို ပြန်ကြည့်လိုက်မိသည်။ သူ့မှာ စကားပြောရန်ပါးစပ်ဟလိုက်သော်ငှား အတော်အတန်ကြာတော့မှသာ သည်စကားထွက်လာခဲ့၏။
"နင်..."Lalisa လည်း နေရာကို အသာအယာရွေ့ထိုင်လိုက်ကာ Jennie ရဲ့စိတ်ခံစားချက်အပြောင်းအလဲများလည်း တစိုးတစမျှ မလွတ်သွားရလေအောင်လည်း စောင့်ကြည့်နေတော့သည်။ တစ်အောင့်ကြာသည့်အခါ Jennie လည်း နှုတ်ဖွင့်လာခဲ့သည်။
"ငါ့ကို ဒီကိစ္စမမေးပါနဲ့လား"Lalisa ရဲ့မျက်နှာလည်း ချက်ချင်းပင် တောင့်တင်းသွားရလျက်။ Jennie ကို မှင်သက်သွားသောအကြည့်များဖြင့် ငေးကြည့်မိရင်း စိတ်ထဲမှာလည်း အတော်ပင်ရှုပ်ထွေးသွားကာ ကူကယ်ရာမဲ့သွားသလိုပင် ခံစားလိုက်ရသည်။
Jennie က အသာရုန်းလာတော့ Lalisa လည်း သဘောအတိုင်းလွှတ်ပေးလိုက်ရသည်။ Jennie ဟာ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးမှ နဖူးကိုခပ်ဖွဖွပွတ်သပ်လိုက်ပြီး တိုးသာသာလေသံဖြင့် ဆိုလိုက်သည်။
"ငါအဆင်ပြေသွားပြီ.. တကယ်ပြောတာ စိတ်ငြိမ်အောင် ခဏလောက်တော့ အချိန်ယူရပေမယ့်..."Jennie က စကားပြောလက်စနှင့်ပင် ရပ်လိုက်ပြီး Lalisa ကို မော့ကြည့်လိုက်ပြီးမှ
"ဘာမှမမေးပါနဲ့နော် ငါပြောပြလို့ရရင် ပြောပြမှာပါ.. ဒါပေမယ့် ငါ နင့်ကို ပြောပြလို့ တကယ်မရလို့ပါ" ဟု တောင်းဆိုသည့်လေသံဖျော့ဖျော့လေးဖြင့် ဆက်ပြောလိုက်သည်။Lalisa လည်း Jennie ကို အချိန်အတန်ကြာသည်အထိ အကဲခတ်ပြီးမှ နှုတ်ဆိတ်ခေါင်းညိတ်ပြလိုက်သည်။
အရင်အချိန်တုန်းက Lalisa ဟာ သူ့စကားကို အားလုံးသဘောတူလက်ခံပေးတက်ကြောင်း Jennie တစ်ခါမျှပင် သတိမထားမိခဲ့ပေ။ သူတို့နှစ်ယောက်ရဲ့လုပ်ပုံကိုင်ပုံများသည် တစ်မျိုးမဟုတ် တစ်မျိုးကွဲလွှဲနေတက်သည့်တိုင် Lalisa က သူ့စကားများကို နားထောင်လေ့ရှိသည်။ Jennie ကလည်း အလုပ်တွင် အမှားလုပ်လေ့ ရှားသူမို့ မှားမိရင်တောင် Lalisa ဆီပြေးပြောလိုက်လျှင် ကိစ္စကပြီးသွားတတ်သည်။ Lalisa ကလည်း များသောအားဖြင့် သုံးတတ်သည်မှာ Jennie အစီအစဉ်များသာ။
YOU ARE READING
Who Moved my ashes
Fanficဒါက Chinese gl fic လေးပါ။ i don't own any of this content. All contents belong to the original auther.